Pages

Monday, May 7, 2018

စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ်ဇန်နဝါရီလမှ ဧပြီလထိ မီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့



မုံရွာ ၇-၅-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း၌ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလထိ မီးလောင်မှု ၈၃ ကြိမ် ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သန်း ၁၇ဝဝ ကျော်ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂ဝ၁၆ ခုနှစ်က မီးလောင်မှု အကြိမ် ၁၈ဝ ဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၃၅ သန်းခန့်လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်အတွင်း မီးလောင်မှု ၁၉၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၁၄ သန်းခန့်ကို လည်းကောင်း ပျက်စီးဆုံးရှုံးခဲ့ပြီး ယခုနှစ် လေးလတာတွင် မီးလောင်မှု ၈၃ ကြိမ် ဖြစ်ပွားခဲ့ကာ ဆုံးရှုံးမှုအဖြစ် ငွေကျပ်သန်းပေါင်း ၁၇ဝဝကျော်ထိရှိခဲ့ကြောင်း သိရသည်။

"မီးလောင်မှုတွေ ဖြစ်ပွားပြီး ဆုံးရှုံးမှုတွေက ဖွံ့ဖြိုးရေးတွေမှာ အဟန့်အတားတွေ ဖြစ်စေပါတယ်။ မီးလောင်မှုတွေကို ပြန်ကြည့်ရင် ပေါ့ဆလို့ ဖြစ်တာတွေက များပါတယ်။ မီးလောင်မှုဖြစ်ရင်လဲ ကျိတ်ပြီး မီးငြှိမ်းသတ်တယ်။ မနိုင်မှသာ အကြောင်းကြားသလို ဖြစ်နေတဲ့အတွက် ဒီနှစ်မှာ ဆုံးရှုံးမှုတန်ဖိုးတွေ မြင့်တက်လာတာပါ။ မီးသုံးစွဲသူ တွေအနေနဲ့ မီးသတ်ဦးစီးဌာနရဲ့ အသိပညာပေး ဟောပြောတာတွေကို ဂရုတစိုက်နားထောင်ပြီး စည်းကမ်းတွေ လိုက်နာကြရင် မီးလောင်မှုတွေ လျော့နည်းသွားမှာပါ"ဟု စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များတွင် သန္ဓေတပ်ဖွဲ့ဝင် ၁၁၅၇ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၄၃၅၂ဦး၊ သီးသန့်ဖွဲ့စည်းထားသော မီးသတ်တပ်ဖွဲ့ဝင် ၁၁၅၂ဦးရှိပြီး မီးသတ်ယာဉ်၊ စက်ယန္တရား ၆၂၁ ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment