Pages

Friday, May 4, 2018

စဉ်ကူးမြို့နယ်တွင် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ခြောက်ဘီးယာဉ် တိမ်းမှောက်



စဉ်ကူး ၄-၅-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် လက်ပံလှကျေးရွာ မန္တလေး-မိုးကုတ် ကားလမ်းမိုင်တိုင်အမှတ် (၄၃/၇)နှင့် (၄၄/ဝ) ကြားတွင် ယနေ့ နံနက် ၁နာရီခန့်က တရားမဝင်ခန့်မှန်း သစ်တန်ချိန် ရှစ်တန်ခန့် သယ်ဆောင်လာသည့် ခြောက်ဘီးယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

မန္တလေး-မိုးကုတ် ကားလမ်း မိုင်တိုင် အမှတ် (၄၃/၇) နှင့် (၄၄/ဝ) ကြားတွင် တရားမဝင်သစ် တန်ချိန်ခန့်မှန်း ရှစ်တန်ခန့် သယ်ဆောင်လာသည့် ခြောက်ဘီးယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင် နေကြောင်း သိရသည်။

အဆိုပါ ယာဉ်နှင့်သစ်များကို စဥ့်ကူးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက စစ်ဆေးစိစစ်လျက်ရှိပြီး ၎င်းယာဉ်မှ ထွက်ပြေး တိမ်းရှောင်နေသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို သစ်တောဥပဒေဖြင့် ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင် သွားသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို လက်ပံလှနယ်မြေ ရဲတပ်ဖွဲ့စခန်းကယာဉ် (ပ)၂၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉ ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိပြီး တရားမဝင်သစ် များအတွက် သစ်တောဦးစီးဌာနက သစ်တောဥပဒေဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment