Pages

Tuesday, May 22, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး၊ နယ်စပ်မျဉ်းအနီး နေထိုင်သူများကိစ္စ မြန်မာဘက်က တရားဝင်ကန့်ကွက်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်း မှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပစဉ်။

နေပြည်တော် ၂၂-၅-၂ဝ၁၈

နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး နေထိုင်ခွင့် မရှိသောနေရာတွင် လူဦးရေ၊ အိမ်ထောင်စုများ တရားမဝင် တိုးပွားလာမှုကို သတင်းဖလှယ်မှု မရှိခြင်းသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ချိုးဖောက်ရာရောက်သဖြင့် မြန်မာနိုင်ငံဘက်က တရားဝင်ကန့်ကွက် ကြောင်းနှင့် ARSA အကြမ်းဖက်အဖွဲ့များ ရောနှောဝင်ရောက် လာကြောင်း သိရသဖြင့် ကာကွယ်တားဆီး ပေးရန်လိုအပ်ကြောင်း၊ မေ ၁၆ရက် မွန်းလွဲပိုင်းက မြန်မာဘက်ခြမ်း (တောင်ပြို-ဝဲ ဝင်ထွက်) တံတားအနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူး အဆင့်တွေ့ဆုံဆွေးနွေး ပွဲတွင် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူးက ပြောကြားခဲ့ ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲ၌ ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ် တပ်ရင်းမှူးက ပြန်လည်ဆွေးနွေးရာတွင် ၂ဝ၁၇ခုနှစ် ဖြစ်စဉ်ဖြစ်ပွားပြီး ပြောင်းရွှေ့ဒုက္ခသည်များ ယခုအချိန်အထိ နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်လျက်ရှိကာ ၎င်းတို့ဘက်မှ ထောက်ပံ့ပေးခဲ့မှုများ မရှိပါကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီး အဆောက်အအုံနှင့် ပတ်သက်၍ နယ်စပ်ရေးရာ ကိစ္စဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ရန် ရှိပါကြောင်း၊ သို့ရာတွင် နေရပ်စွန့်ခွာသူများမှာ ကမ္ဘာ့အဖွဲ့အစည်း များမှ ထောက်ပံ့ပေးမှုကြောင့် ရပ်တည်၍ ရနေခြင်းဖြစ်ပါကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများအဖြစ် ကမ္ဘာ့အဖွဲ့အစည်းများက ထောက်ပံ့ပေးခြင်းဖြစ်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ကန့်ကွက်၍ မရပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး အတွက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment