Pages

Monday, May 7, 2018

ပြင်ဦးလွင်မြို့သို့ လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ အမိုးဖွင့်ရထားလုံး ငှားရမ်းစီးနင်းမှုကို ပိုမိုနှစ်သက်လာ



ပြင်ဦးလွင် ၇-၅-၂ဝ၁၈

တောင်စခန်း မြို့ဖြစ်သော ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ် ကြသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ ယခုအခါ အမိုးဖွင့် ရထားလုံးများ ငှားရမ်းလည်ပတ် စီးနင်းမှုကို ပိုမိုနှစ်သက်လာကြောင်း ရထားလုံးမြင်း ယာဉ်မောင်း သမားတစ်ဦးထံမှ သိရသည်။

လက်ရှိပြေးဆွဲနေသော အမိုးပါရထား လုံးများနေရာတွင် ဆန်းသစ်တီထွင်ထားသော အမိုးဖွင့်မြင်းယာဉ်များ ဝင်ရောက်နေရာ ယူလာကြပြီး အဆိုပါအမိုးဖွင့် မြင်းယာဉ်တို့ကို လူကြိုက်များလျက် ငှားရမ်းစီးသူပိုမို များပြား လာကြောင်း သိရသည်။

"အရင်ရှိနေတဲ့ အမိုးပိတ် ရထားလုံးတွေနဲ့ နှိုင်းယှဉ်ရင် အခုအသစ်လုပ် လိုက်တဲ့ အမိုးဖွင့်ရထား လုံးတွေကို စီးသူပိုများလာတယ်။ ငှားရမ်းစီးသူတွေ ပိုကြိုက်တာက ပတ်ဝန်းကျင်ကို ထင်ထင်ရှားရှား မြင်ရပြီး ဓာတ်ပုံရိုက်ရင် ပိုလှတယ်လို့ ယူဆနေကြတယ်။ မြင်နေကျမဟုတ်ဘဲ တစ်မျိုးဆန်းသစ် နေတာလဲ ပါပါတယ်။ အခုပြင်ဦးလွင်မှာ အမိုးဖွင့်ရထား လုံးပေါင်း ၁၃ စီးလောက်ရှိမယ် ထင်တယ်။ ငှားရမ်း စီးသူပိုများလာပြီး ဈေးလဲပိုရလို့ အမိုးဖွင့် ရထားလုံးတွေကို လုပ်တဲ့သူပိုများလာတယ်" ဟု ၎င်းက ဆက်လက် ပြောပြသည်။

သက်တမ်းအားဖြင့် နှစ်ပေါင်း တစ်ရာကျော် လာပြီဖြစ်သော ပြင်ဦးလွင်ရထားလုံး မြင်းယာဉ်များသည် ယခင်က အစီးရေ အများအပြားရှိခဲ့ပြီး ယခုအခါ မြို့နယ်စည်ပင် သာယာရေးအဖွဲ့သို့ မှတ်ပုံတင်ထား သောမြင်းယာဉ် ၁၄၅ စီး သာရှိနေသော်လည်း မြို့တွင်းခရီးသည်တင် မြင်းယာဉ်အဖြစ် ပြေးဆွဲနေသည့် မြင်းယာဉ်မှာစီးရေ ၈ဝခန့် သာရှိတော့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment