Pages

Wednesday, May 2, 2018

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင် နိုင်ငံများမှ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့မောင်တောဒေသ အခြေအနေများအား လိုက်လံကြည့်ရှု



မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံမလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံနှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့က တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းအား လိုက်လံကြည့်ရှုစဉ်။

စစ်တွေ ၂-၅-၂ဝ၁၈

နေပြည်တော်တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင် ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် နှင့် ကိုယ်စား လှယ်များ ပါဝင်သော အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်း သက်တို့ ဦးဆောင်ပြီး မောင်တောဒေသ အခြေအနေများအား ကြည့်ရှုရန် ယနေ့နံနက် ၉ နာရီခွဲတွင် မြန်မာ အမျိုးသား လေကြောင်းဖြင့် စစ်တွေမြို့သို့ရောက်ရှိကြသည်။

အဆိုပါအဖွဲ့အား လေဆိပ်အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်း သက်တို့က ခရီးစဉ်အတွင်း သွားရောက်မည့်နေရာများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ရခိုင် ပြည်နယ် အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာ ချ ထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ဖြစ်ပေါ်လာပုံ၊ (UEHRD) ၏ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်း စဉ်များ၊ ရေရှည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပဋိပက္ခဖြစ်ပွားပြီးနောက် ဖွံ့ဖြိုးမှု နှင့်တည်ငြိမ် အေးချမ်းမှုရရှိ အောင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်ပုံမှန် အခြေအနေသာမက ရေရှည် တည်ငြိမ်ဖွံ့ဖြိုး တိုးတက်အောင်ဆောင် ရွက်နေကြောင်း၊ ပဋိပက္ခဖြေရှင်းရာတွင် သမိုင်းကြောင်းရှည်လျားသည့်အတွက် သိမ်မွေ့နက်နဲသည့် အခြေအနေ ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုဖြင့် ပြန်လည် လက်ခံရေးအတွက် ဆောင်ရွက် နေပါကြောင်း၊ နှစ်နိုင် ငံ သဘော တူညီချက်များ အတိုင်း လက်ခံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် ပြည်ထောင်စု ဝန်ကြီး၊ ဝန်ကြီး ချုပ်တို့ဦးဆောင်ကာ စစ်တွေမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး မောင်တော မြို့နယ် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ မောင်တောခရိုင် အုပ်ချုပ် ရေးမှူး ဦးရဲထွဋ်က ပြန်လည်လက်ခံရေး စခန်းများ တည်ဆောက်ထားရှိမှုနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် တောင်ပြိုလက်ဝဲပြန်လည် လက်ခံရေး စခန်းအား လည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချစ်ကြည်ရေးတံတားအားလည်းကောင်း၊ ပြန်လည် ဝင်ရောက်လာသူများအား NVC ကတ်ထုတ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့် အစီ အစဉ် များကို လည်းကောင်း လိုက်လံကြည့်ရှုကြသည်။ ဆက်လက်၍ အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် လှဖိုးခေါင်ကြား စခန်းသို့ ရောက်ရှိကြပြီး ပြန်လည် ဝင်ရောက်လာသူများ ခေတ္တနေထိုင်ရန် အဆောက်အဦများ တည်ဆောက်ပြီးစီးမှုအား မော်တော် ယာဉ်များဖြင့် လိုက်လံကြည့်ရှုကြသည်။ ထို့နောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် မောင်တောမြို့နယ် ရွှေဇား ကျေးရွာသို့ ရောက်ရှိပြီး ရခိုင်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များနှင့်တွေ့ဆုံကာ သိလိုသည်များကို မေးမြန်းကြ သည်။

တွေ့ဆုံစဉ် မေးမြန်းစဉ် ရခိုင်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များက ၎င်းတို့ အနေဖြင့် ရှေးယခင်ကပင် အတူတကွ နေထိုင်ခဲ့ကြကြောင်း၊ ပြသနာတစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ သဟဇာတမျှတစွာ နေထိုင်ခဲ့ကြကြောင်း၊ နောင်တွင် လည်း အတူတကွ နေထိုင်သွားကြမည်ဖြစ်ကြောင်း ပြောကြားကြသည်။ ယင်းနောက် အမြဲတမ်း ကိုယ်စားလှယ်များ နှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး ပဋိပက္ခဖြစ်ပွားစဉ် သေဆုံးခဲ့ ရသူများ၏ မှတ်တမ်းဓာတ်ပုံများ အားကြည့်ရှုကြပြီး ပဋိပက္ခ ဖြစ်ပွားချိန်တွင် သေဆုံးသွားကြသူများ၏ မိသားစုဝင်များအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်မိသားစုဝင်များက ၎င်းတို့အတွက် နေအိမ်အခက်အခဲနှင့် အလုပ်အကိုင် လိုအပ်ချက်များကို ပြောကြား ကြပြီး ဟိန္ဒူ ဘာသာဝင်များကလည်း ၎င်းတို့အား အကြမ်းဖက်သမားများက သတ်ဖြတ်မည်ဟု ပြောကြား ထားသည့်အတွက် ၎င်းတို့မှာ ကြောက်လန့်နေကြရကြောင်း၊ သတ်ဖြတ်မှုများကိုတွေ့ မြင်ခဲ့ရသည့် အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရကြောင်း၊ ၎င်းတို့မှာ စားသောက်နေထိုင်ရေးနှင့် အလုပ်အကိုင် အခက်အခဲ ရှိကြောင်း ပြောကြားကြသည်။ ထို့နောက် မောင်တောမြို့နယ် ပန်းတောပြင် ကျေးရွာသို့ ရောက်ရှိပြီး အစ္စလာမ် ဘာသာဝင် မိသားစုများနှင့် တွေ့ဆုံကြပြီး ကျေးရွာ သားများက အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ကြုံတွေ့ခဲ့ရမှုများနှင့် လိုအပ်ချက်များကို လွတ်လပ်စွာ ပြောဆိုကြသည်။

ယင်းနောက် အမြဲတမ်း ကိုယ်စားလှယ် များနှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာခဲ့ ကြရာ စစ်တွေမြို့သို့ရောက်ရှိကြပြီး လေဆိပ်ဧည့်ခန်းမ၌ လူမှုရေးအသင်း၊ အဖွဲ့အစည်း များနှင့် လွတ်လပ်စွာသီးခြားတွေ့ဆုံကြသည်။ ထို့နောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် ညနေပိုင်းတွင် စစ်တွေမြို့မှ မြန်မာ အမျိုးသား လေကြောင်းဖြင့် နေပြည်တော်သို့ပြန်လည် ထွက်ခွာသွားကြသည်။

#Themyawadydaily

No comments:

Post a Comment