Pages

Thursday, May 3, 2018

မသန်စွမ်းသူများအတွက် Application တစ်ခု စီစဉ်



ရန်ကုန် ၃-၅-၂ဝ၁၈

နည်းပညာရှင်များက မသန်စွမ်းသူများ အတွက် စာမှ အသံ၊ အသံမှ စာ ပြောင်းလဲနိုင်သည့် Application တစ်ခုကို ရေးဆွဲပေးလျက်ရှိကြောင်း iSchool Myanmar စီမံကိန်းဒါရိုက်တာ ဦးရဲဝင်းထံမှ သိရသည်။

''မသန်စွမ်းသူတွေက ဖုန်းကိုအားကိုးတာ များတော့ သူတို့အတွက် အဆင်ပြေမယ့် ဆော့ဖ်ဝဲလ်စနစ် တွေကိုလည်း အထောက်အကူ ပြုနိုင်ဖို့ စီစဉ်နေတာပါ။ အခုဆိုရင် စာကနေ အသံစနစ်ကို ပြောင်းတာတွေ၊ အသံကနေ စာစနစ်ကိုပြောင်းတာတွေ ရေးဆွဲနေတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့က ဒီနှစ်ကုန်ပိုင်းလောက် ရေးဆွဲပြီးစီးဖို့ မှန်းထားတယ်။ သူတို့ဘက်ကပြီးစီးရင် ကျွန်တော်တို့နဲ့ ချိတ်ဆက်ပြီး လုပ်ဖို့လည်း စီစဉ်နေတယ်''ဟု ဦးရဲဝင်းက ပြောသည်။

ယခုအခါ မသန်စွမ်းသူများ အထောက်အကူပြု ဖြစ်စေရန် www.mmpdw.org ကို စီစဉ်ထားကာ မသန်စွမ်းအမျိုးအစား လေးမျိုးစလုံးအတွက် လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယခုနောက်ပိုင်းတွင် မသန်စွမ်း အများစုမှာ ခေတ်မီနည်းပညာ ရပ်များကို အသုံးချနိုင်ပြီး မိုဘိုင်းလ်ဖုန်းများဖြင့် အင်တာနက်များကို အသုံးပြုလာကြကြောင်း၊ ထိုသို့သော အသုံးပြုလာနိုင်သည့် အခွင့်အလမ်းအပေါ် အကျိုးပြုစေရန် ဝက်ဘ်ဆိုက် ရေးဆွဲထားခြင်း ဖြစ်ပြီး မိုဘိုင်းလ်ဖုန်းဖြင့် အသုံးပြုနိုင်သည့် Application မျိုးကိုလည်း ရေးဆွဲထားကြောင်း၊ မသန်စွမ်းသူများဘက်မှ တိုင်ကြားလိုသော ကိစ္စရပ်များကို လည်းကောင်း၊ မသန်စွမ်း အဖွဲ့အစည်းများ၏ လုပ်ကိုင်နေသော လုပ်ငန်းများ၊ ဥပဒေ၊ နည်းဥပဒေ အခွင့်အရေးများ စသည့် မသန်စွမ်းသူများ အတွက် အထောက်အကူပြုမည့် အချက်အလက်များကို ထိုဝက်ဘ်ဆိုက်မှ ဖော်ပြပေးလျက်ရှိကြောင်း နည်းပညာရှင် ကိုနေလင်းအောင်က ပြောသည်။

ထို့ပြင် မသန်စွမ်းသူများမှာ တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများကိုသာ အသုံးပြုမှု များပြားခြင်းကြောင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရာတွင် လည်းကောင်း၊ Application ထည့်သွင်းရာတွင် လည်းကောင်း အဆင်ပြေစေရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment