Pages

Wednesday, April 25, 2018

ရန်ကုန်မြို့တွင် အဝေးပြေး မော်တော်ယာဉ်များ အတွက် နိုင်ငံတကာ အဆင့်မီ Bus Terminal နှင့် Car Service Center များတည်ဆောက်ပေးမည်



ရန်ကုန် ၂၅-၄-၂ဝ၁၈

ရန်ကုန်မြို့သို့ ဝင်ရောက်လာမည့် အဝေးပြေး မော်တော်ယာဉ်များနှင့် ခရီးသည်များ အဆင်ပြေစေရေးအတွက် နိုင်ငံတကာ အဆင့်မီ Bus Terminal နှင့် Car Service Center များကို ယခုနှစ်တွင် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် ဘတ်စကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YBPC) ၏ သတင်းများအရ သိရသည်။

ရန်ကုန်မြို့သည် စီးပွားရေး မြို့တော်ဖြစ်နေသဖြင့် ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှု လုပ်ငန်းများကို ရန်ကုန်မြို့တွင် အခြေစိုက်လုပ်ကိုင် ဆောင်ရွက်မှုများပြား လျက်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံ အရပ်ရပ်မှ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားများ၊ ကုန်သည်များမှာလည်း ရန်ကုန်မြို့သို့ ဝင်ရောက်မှု များပြား လျက်ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့သို့ ဝင်ရောက်မည့် အဝေးပြေး ခရီးသည်တင် မော်တော်ယာဉ်များနှင့် အဝေးပြေးကုန်စည် ပို့ဆောင်ရေး မော်တော်ယာဉ်များ အနေဖြင့် ရန်ကုန်မြို့သို့ ဝင်ရောက်ရာတွင် ခရီးတစ်ထောက် အနားယူ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့၌ ခရီးသည်များ နားနေရန်နှင့် ယာဉ်များ ရပ်နားနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ Bus Terminal တစ်ခုတည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာ အဆင့်မီ Bus Terminal တွင် ရန်ကုန်မြို့တွင်းသို့ သွားလာလိုသူများ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက်ခရီးသည်တင် မော်တော်ယာဉ် YBS (၃၇) လိုင်းနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ဘတ်စကားများကို တစ်ပြိုင်နက်တည်း ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးနိုင်မည့် Car Service Center တစ်ခုကိုလည်း တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Car Service Center မှ ကားအမြောက်အမြားကို တစ်ပြိုင်တည်း ပြင်ဆင်ဆောင်ရွက် ပေးနိုင်မည့်အပြင် စက်ချို့ယွင်းမှု ဖြစ်နေသည့် မော်တော်ယာဉ်များ ကိုလည်း ချက်ချင်းပြင်ဆင် ပြန်လည် ပြေးဆွဲနိုင်သည်ထိ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment