Pages

Wednesday, April 4, 2018

ဘုတလင်မြို့နယ်တွင် ခရီးသည်တင် ယာဉ်နှစ်စီး တံတားပေါ် လုတက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိုက်မိ၊ ခရီးသည်များ ဒဏ်ရာရ



ဘုတလင် ၄-၄-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ကံသစ်ကျေးရွာအနီး တံတားအမှတ် (၁ဝဝ/၄) ၌ ဧပြီ၂ရက် ညနေ ၃ နာရီ ၄၅မိနစ်က ခရီးသည်တင် ယာဉ်နှစ်စီး တံတားပေါ် လုတက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့နယ် ကံသစ်ကျေးရွာအနီး တံတားအမှတ် (၁ဝဝ/၄) ၌ ရေဦးဘက်မှ မုံရွာဘက်သို့ သန်းဝင်း (ဘ) ဦးအေးမောင် အမှတ် (၄) ရပ်ကွက် လားရှိုးမြို့နေသူ မောင်းနှင်ပြီး ဟိန်းမြတ်သူ (ဘ) ဦးတင်နိုင် ခုံမင်းကြီးရပ်ဘုတလင်မြို့နေသူ လိုက်ပါသည့် အားသစ်ကားအသင်းမှ ခရီးသည်တင် မှန်လုံယာဉ်အမှတ် 8I/---- ကိုဘိုမြင့် (ဘ)ဦးတင်မြိုင် ချောင်းဖျားကျေးရွာ ရေစကြိုမြို့နယ်နေသူ မောင်းနှင်ပြီး တစ်ရွာတည်းနေ အောင်ဇော် (ဘ) ဦးမြင့်အောင် လိုက်ပါသည့် ရတနာဖားကန့် ကားအသင်းမှ အန်စာတုံး ယာဉ်အမှတ် 1N/----က တံတားကိုလုတက်ရာမှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဟိန်းမြတ်သူ၊ အောင်ဇော်၊ ဘိုမြင့်ပါခရီးသည် ၁ဝ ဦးမှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဘုတလင်မြို့မရဲစခန်းက ဘိုမြင့်ကို ယာဉ်(ပ)အမှတ် ၈/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၂၇၉/၃၃၇/၃၃၈ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment