Pages

Monday, April 23, 2018

ဟိုပုံးမြို့နယ် စအွန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် လျှပ်စစ်ရေနွေအိုး တည်ရာမှ အပူလွန်ကဲ မီးလောင်



ဟိုပုံး ၂၃-၄-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု စအွန်ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၌ ယနေ့ မွန်းလွဲ ၁၂ နာရီမိနစ် ၃ဝက လျှပ်စစ်ရေနွေးအိုး တည်ရာမှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် စအွန်ကျေးရွာနေ ဦးစိုင်းကြီး (ဘ) ဦးစုနန္ဒသည် ကျောင်းမကြီးပေါ်တွင် သုံးမိနစ် ရေနွေးအိုးကို တည်ထားခဲ့ပြီး ကျောင်းအနောက်ဘက်တွင် သန့်ရှင်းရေး လုပ်ကိုင်နေခဲ့သည်။ အဆိုပါ ကျောင်းပေါ်နေသည့် သံဃာတော်နှစ်ပါးမှာ ကျောင်းဆောင်ကို သော့ခတ်ပြီး အလှူကြွသွားရာ ဦးစိုင်းကြီးသည်လည်း သံဃာတော်များ ရေနွေးအိုး လျှပ်စစ်ကြိုးဖြုတ်ခဲ့သည် ဟုထင်မှတ်၍ အိမ်သို့ပြန်သွားခဲ့သည်။ ၎င်းပြန်သွားစဉ် တည်ထားသော ရေနွေးအိုးမှာ အပူလွန်ကဲ၍ ဝိုင်ယာရှော့ခ်ဖြစ်ကာ ကျောင်းမကြီးအလျား ပေ ၇ဝ၊ အနံ ပေ၅ဝ၊အမြင့် ပေ ၃ဝရှိ သွပ်မိုး၊ အုပ်ညှပ်နှစ်ထပ် ကျောင်းဆောင် မီးလောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ရာနေရာသို့ ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဟန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ဟိုပုံးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်လှိုင်မြင့်နှင့် မီးသတ်တပ် ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများက မီးသတ်ယာဉ်သုံးစီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် ၈၇ သိန်းခန့် ဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လျှပ်စစ် ရေနွေးအိုးကို ပေါ့ဆစွာ အသုံးပြု၍ မီးလောင်ကျွမ်းစေသူ စိုင်းကြီးကို ဟိုပုံးမြိုမရဲစခန်းက (ပ) ၂၇/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment