Pages

Thursday, April 5, 2018

အိမ်ဝိုင်းအတွင်း ရပ်တန့်ထားသည့် ယာဉ်ကို တက်ရောက် မောင်းနှင်ရာမှ လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦး ကိုတိုက်မိ တစ်ဦးသေဆုံး




ရေတာရှည် ၅-၄-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆန်တော်ပို့ ကျေးရွာအုပ်စု လှည်းပွဲလေးကျေးရွာ၌ အိမ်ဝိုင်းအတွင်း ရပ်တန့်ထားသည့် ယာဉ်ကိုတက်ရောက် မောင်းနှင်ရာမှ ဘရိတ်နှင့်လီဗာ မှားနင်းမိပြီး လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦးကို တိုက်မိ၍ တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆွာနယ်မြေရဲစခန်းမှ တာဝန်မှူး ဒုတိယရဲအုပ်ဟိန်းဝေလှိုင် ဦးစီးအဖွဲ့သည် ဧပြီ ၃ရက် နံနက် ၁၁ နာရီက သတင်းအရ အချင်းဖြစ်ပွားသည့် ကျေးရွာသို့ သွားရောက် စစ်ဆေးခဲ့ရာ လှည်းပွဲ လေးကျေးရွာနေ ဦးစံမောင်သည် ယာဉ် (လိုင်စင်စိစစ်ဆဲ) ကို မောင်းနှင်စဉ် ဘရိတ်နှင့် လီဗာမှားနင်းကာ ရွာလယ်လမ်းပေါ်သို့ ရောက်ရှိသွားခဲ့ပြီး ကျောက်တစ်လုံးကျေးရွာမှ ဈေးလာရောင်းသူ ဒေါ်မြမြလွင်ကို ဝင်ရောက် တိုက်မိခဲ့ပြီးနောက် တစ်ရွာတည်းနေ မသင်းသင်းအေးကို ထပ်မံဝင်ရောက် တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒေါ်မြမြလွင်သည် ရရှိသောဒဏ်ရာ များဖြင့် အချင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မသင်းသင်းအေးတွင် (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စံမောင်ကို ဆွာနယ်မြေရဲစခန်းက ယာဉ်(ပ)၈/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃ဝ၄(က)/၃၃၈ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment