Pages

Thursday, April 26, 2018

လှိုင်သာယာ မြို့နယ်ရှိ ထိန်ပင်စည်ပင်သာယာ အမှိုက်ပုံ မီးလောင်နေမှုအား သွားရောက်ကြည့်ရှု


ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ အလှူငွေများပေးအပ်စဉ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ ထိန်ပင်စည်ပင်သာယာ အမှိုက်ပုံ မီးလောင်မှုအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် ၂၆-၄-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ ထိန်ပင်သုသာန် အနီးရှိ ဧက ၃ဝဝ ကျယ်ဝန်း သော စည်ပင် သာယာအမှိုက်ပုံသည် ဧပြီ ၂၁ ရက် မွန်းလွဲ၁၂ နာရီခွဲခန့်မှစ၍ မီးလောင်မှုဖြစ်ပွားလျက်ရှိရာ အဆိုပါနေရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော်သားများက မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်ရာ၌ ကူညီဆောင်ရွက်ပေးခြင်း၊ တပ်မတော်မှ ရေ သယ် ယာဉ်များဖြင့် ကူညီ သယ်ဆောင်ပေးခြင်း၊ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မီးခိုးငွေ့များကြောင့် ရင်ကျပ်ရောဂါဖြင့် ယနေ့နံနက် ၂ နာရီခန့်တွင် သေဆုံးခဲ့သည့် လှိုင်သာယာမြို့နယ်၊ အမှတ်(၂ဝ)ရပ်ကွက်မှ ဒေါ်ခင်နှင်းနွယ်၏နေအိမ်သို့ သွားရောက်၍ ကျန်ရစ် သူ မိသားစုများအား အလှူငွေများ ပေးအပ်သည်။

ဆက်လက်ပြီး လှိုင်သာယာမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူ ၁၂ ဦးတို့ကို သွားရောက်ကြည့်ရှုအားပေး စကား ပြောကြားပြီး အလှူငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily 

No comments:

Post a Comment