Pages

Tuesday, April 24, 2018

မြစ်ကြီးနားမြို့တွင် လူမနေသည့် အိမ်အတွင်း အခြေအနေမဲ့ နေထိုင်သွားလာသူများက ဝင်ရောက်၍ ဖယောင်းတိုင်မီးသုံးစွဲမှုက တစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွား



မြစ်ကြီးနား ၂၄-၄-၂ဝ၁၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူမနေသည့် နေအိမ်အတွင်း အခြေအနေမဲ့ နေထိုင်သွားလာ သူများက နေအိမ်အတွင်း ဝင်ရောက်၍ ဖယောင်းတိုင်မီး သုံးစွဲမှုကတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ အိမ်ရှင် ဦးထွန်းလင်းပိုင်ဆိုင်သော လူမနေသည့် နေအိမ်အမှတ် (၁ဝ) တွင် ယနေ့နံနက် ၃ နာရီမိနစ် ၄ဝ က အခြေအနေမဲ့ နေထိုင်သူများက ဖယောင်းတိုင်မီး သုံးစွဲသဖြင့်
အဆိုပါ ဖယောင်းတိုင်မီးမှ တစ်ဆင့်နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့
ဝင်များဦးရေ ၆ဝ ခန့်ကမီးငြှိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ်နှစ်စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၄ နာရီ မိနစ်၃ဝတွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် အလျား ပေ၃ဝ၊ အနံ ၁၄ပေရှိ သွပ်မိုးထရံကာ တစ်ထပ် နေအိမ်တစ်လုံး၊ အလျား ပေ၃ဝ၊ အနံ ၁၄ ပေရှိသွပ်မိုးအုတ်ကာ တစ်ထပ်နေအိမ် တစ်လုံး စုစုပေါင်းနေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံး ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အခြေအနေမဲ့ နေထိုင်သွားလာသူ (ထွက်ပြေးတိမ်းရှောင်သူ) များကို မြစ်ကြီးနား မြို့မရဲတပ်ဖွဲ့စခန်းက(ပ)၈၆/၂ဝ၁၈၊ပြစ်မှုပုဒ်မ -၂၈၅ ဖြင့်အမှုဖွင့်၍ အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment