Pages

Monday, April 23, 2018

လားရှိုးမြို့တွင် မေ ၁ ရက်မှစတင်၍ ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်းများ ပြုလုပ်မည်



လားရှိုး ၂၃-၄-၂​ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဆိုင်ကယ်စီးနင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မေ ၁ ရက်မှစတင်၍ ယာဉ်မောင်း လိုင်စင် စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လားရှိုးမြို့ အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သိရသည်။

လားရှိုးမြို့တွင် ဆိုင်ကယ်စီးနင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း လိုက်နာစေရေး အသိပညာပေး ဟောပြောခြင်းများကိုလည်း နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"မေ ၁ ရက်ကနေစတင်ပြီး ဆိုင်ကယ်တိုင်းကိုတားပြီး ယာဉ်မောင်းလိုင်စင် စစ်ဆေးဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယာဉ်မောင်း လိုင်စင်မပါတဲ့ ဆိုင်ကယ်တွေကို ခေတ္တထိန်းသိမ်းထားမယ်။ ယာဉ်မောင်း လိုင်စင်ပါလာမှသာ ဆိုင်ကယ်ကို ပြန်စီးခွင့်ပြုမှာ ဖြစ်ပါတယ်"ဟု လားရှိုးမြို့ အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူးကျော်ခိုင်က ပြောပြသည်။

ယာဉ်မောင်း လိုင်စင်စစ်ဆေး ဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးဦးထုပ်၊ ဘက်မှန်၊ ဆူညံပါဝါ အိတ်ဇောများကိုပါ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆိုင်ကယ် ယာဉ်မောင်းလိုင်စင် စစ်ဆေးဆောင်ရွက်ပြီးပါက နောက်ပိုင်းတွင် ကားယာဉ်မောင်း လိုင်စင်များ၊ ကားသက်သေခံ အဝိုင်းများကိုပါ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment