Pages

▼

Tuesday, April 3, 2018

နှစ်စဉ် ဆန်တန်ချိန် ၁၃ သန်းခန့်ထုတ်လုပ်၍ သုံးသန်းနီးပါး ပြည်ပသို့ တင်ပို့နေ



ရန်ကုန် ၃-၄-၂ဝ၁၈

နှစ်စဉ် ပြည်တွင်း၌ ဆန်တန်ချိန် ၁၃ သန်းခန့် ထုတ်လုပ်လျက်ရှိပြီး တန်ချိန် သုံးသန်းနီးပါး ပြည်ပသို့ တင်ပို့လျက် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။

''တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့က ပြည်တွင်းဆန်ဈေးကွက် တည်ငြိမ်ဖို့နဲ့ ပြည်ပကို တင်ပို့တဲ့ မြန်မာ့ဆန် ဈေးနှုန်းတွေက အရေးကြီးပါတယ်'' ဟု ဦးရဲမင်းအောင်က ပြောသည်။

မြန်မာ့ ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်း အခြေအနေများထက် အထွက်နှုန်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် တို့တွင်လည်း အခက်အခဲများ ရှိနေသည်။

ထိုသို့သော ထုတ်လုပ်မှု ကုန်ကျစရိတ်များ ပြားခြင်းကြောင့် တောင်သူများမှာ ဝင်ငွေနှင့် အကျိုးအမြတ်ရရှိမှု လျော့နည်းနေကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ အပင်များတွင် ပိုးမွှားများကျရောက်မှု စသည့်အခြေ အနေများက တောင်သူများအတွက် ဆုံးရှုံးမှု အလေအလွင့်များ ဖြစ်နေကြောင်း၊ တောင်သူများ၏ ဆုံးရှုံးနိုင်မှုအခြေအနေမှ အကာအကွယ်ပေးရန် အာမခံစနစ် (Crop Insurance) ဆောင်ရွက်ပေး သင့်သည်ကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြထားကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ဆန်လက်ကျန်မှာ တန်ချိန် သန်း ၁၇ဝ ခန့် အထိရှိလာပြီး ယင်းလက်ကျန်၏ ၆ဝ ရာခိုင်နှုန်းခန့်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ National Reserve ဖြစ်နေကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံက အရန်ဆန်ကို ထုတ်ရောင်းပါက ကမ္ဘာ့ဆန်ဈေးကွက်အပေါ် ကြီးမားစွာ ထိခိုက်နိုင်ကြောင်း၊ ပြည်တွင်းမှ ဆန်ကိုပြည်ပ ဈေးကွက်သို့တင်ပို့ မှုကိုလည်း ထိခိုက်စေနိုင်သည့် အတွက်ယင်း အခြေအနေများမှ လျော့နည်းစေရန် အစိုးရချင်း G to G MoU လက်မှတ်များ ရေးထိုးခြင်း၊ သိုလှောင်ရုံများ တည်ဆောက်၍ ကြိုတင်လုပ်ဆောင် သင့်ကြောင်း၊ ကမ္ဘာ့ဆန်သုံးစွဲမှုမှာ တစ်နှစ်လျှင် သန်း ၅ဝဝ နီးပါးအထိ တိုးတက်ရောက်ရှိနေပြီး နိုင်ငံအသီးသီး၏ ပြည်ပတင်ပို့မှု ပမာဏမှာ ၄၆ သန်းခန့်သာ ရှိနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment