Pages

Thursday, April 12, 2018

ကိုကိုးကျွန်းမြို့နှင့် အခြားမြို့များသို့ ခရီးသည်နှင့် ကုန်ပစ္စည်းများကို တပ်မတော် (ရေ) မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်


တပ်မတော် (ရေ)မှ စီစဉ်ပေးသော စစ်ရေယာဉ်ဖြင့် ခရီးသည်နှင့်ကုန်ပစ္စည်းများ ပို့ဆောင်ပေးစဉ်။

နေပြည်တော် ၁၂-၄-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းမြို့နှင့် အခြားမြို့များသို့ သွားရောက်မည့် ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သား မိသားစုဝင်များ သက်သာချောင်ချိရေးအတွက် ခရီးသည်နှင့် ကုန်စည်
ပစ္စည်းများကို တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင် ပေးလျက်ရှိသည်။

ထိုသို့ ပို့ဆောင် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများ စုစုပေါင်း ၂၅၈ဦး၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို တပ်မတော် (ရေ) မှ စီစဉ်ပေးသော စစ်ရေယာဉ်ဖြင့် တင်ဆောင်၍ ရန်ကုန်မြို့မှ ကိုကိုးကျွန်းမြို့၊ ဟိုင်းကြီးကျွန်းမြို့၊ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့သို့ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment