Pages

Monday, April 30, 2018

ပခုက္ကူခရိုင်အတွင်း ရေရှားပါး ပြတ်လပ်သည့် ကျေးရွာများသို့ သောက်သုံးရေများ စတင်လှူဒါန်း ဖြန့်ဝေ



ပခုက္ကူ ၃ဝ-၄-၂ဝ၁၈

ပခုက္ကူခရိုင်အတွင်းရှိ ရေရှားပါးပြတ်လပ်သည့် ကျေးလက်ဒေသများသို့ သောက်သုံးရေများ စတင်လှူဒါန်းဖြန့်ဝေ နေပြီဖြစ်ကြောင်း ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများသို့ နွေရာသီသောက်သုံးရေ အပြည့်အဝ ရရှိစေရန် သောက်သုံးရေများ နှစ်စဉ်ဖြန့်ဝေပေးလျက်ရှိရာ ယခုနှစ်နွေရာသီတွင် မတ် ၂၆ ရက်မှစ၍ ယနေ့အချိန်ထိ အဆက်မပြတ် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

"ဒီနှစ်နွေရာသီ မတ်လကစပြီး အမှန်တကယ် ရေရှားပါးပြတ်လပ်တဲ့ ကျေးရွာတွေကို သွားရောက် လှူဒါန်းဖြန့်ဝေ နေပါပြီ။ မြိုင်မြို့နယ် ပန်းတိုင်းတောမှာ မတ်လက သုံးခေါက်၊ ဧပြီ၁၆ရက်က သုံးခေါက်၊ဧပြီ ၂ဝ ရက်ကတစ်ခေါက်၊ ဇီးတောရွာမှာ တစ်ခေါက်၊ ပေါက်မြို့နယ် တာချောင်းကျေးရွာမှာ ဧပြီ ၂၁ ရက်က လေးခေါက်သောက်သုံးရေ ဖြန့်ဝေပြီးပါပြီ။ ဒီနေ့လဲမြိုင်မြို့နယ် ကျော်ရွာမှာ ဖြန့်ဝေခဲ့ပါတယ်။ လောလောဆယ်တော့ ပခုက္ကူခရိုင်အတွင်း မြို့နယ်တွေမှာ ရေပြတ်လပ်မှု နည်းပါတယ်။ အတော်များများကတော့ စက်ချို့ယွင်းမှုကြောင့် ရေပြတ်ရတာ များပါတယ်"ဟု အဆိုပါဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ပြောပြသည်။

ယခုနှစ်နွေရာသီတွင် ပခုက္ကူခရိုင် အတွင်းရေရှားပါး ပြတ်လပ်နိုင်သည့် မြို့နယ်၊ ကျေးရွာများမှာ ရေစကြိုမြို့နယ်တွင် ငါးရွာ၊ မြိုင်မြို့နယ်တွင် ခြောက်ရွာ၊ပေါက်မြို့နယ်တွင် သုံးရွာ စုစုပေါင်း၁၄ရွာ စာရင်းလျာထား ကောက်ယူထားကြောင်း အဆိုပါဦးစီးဌာန၏ စာရင်းမှတ်တမ်းများအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment