Pages

Monday, April 30, 2018

စလင်းမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အချို့နှင့် တယ်လီနောတာဝါတိုင် လဲပြိုကျ



စလင်း ၃ဝ-၄-၂ဝ၁၈

မကွေးတိုင်းဒေသကြီး စလင်းမြိ့နယ် မကျီးပင်ပု ကျေးရွာအုပ်စု ကူတိုကျေးရွာတွင် ဧပြီ ၂၈ ရက်ညနေ ပိုင်းက မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် အချို့နှင့် တယ်လီနော ဆက်သွယ်ရေး တာဝါတိုင် လဲပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း စလင်းမြို့ မကျီးပင်ပုကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စလင်းမြို့နယ်နှင့် ကူတိုကျေးရွာ ဝန်းကျင်၌ မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင်း ကူတိုတောင်ရွာ၊ ပြွန်သုံးလုံးရပ်နေ ဦးခင်မောင်နိုင်- ဒေါ်မေရီဌေးတို့၏ နေအိမ်ဝိုင်းအတွင်းရှိ တယ်လီနော ဆက်သွယ်ရေး တာဝါတိုင်မှာ လဲပြိုကျမှု ဖြစ်ပွားခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ်များ၊ နွားတင်းကုပ်များ အမိုး လန်ပျက်စီးမှုများနှင့် သက်တမ်းရင့် သစ်ပင်ကြီးများ လဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ညနေပိုင်း လေးနာရီကျော်မှာ လေပြင်းတွေ စတိုက်ခတ်တယ်။ နေအိမ်တွေလဲပြို အမိုး လန်ကုန်တယ်။ အင်းပုတ်ရွာအနီး ကုက္ကိုတန်းက သက်တမ်းရင့် အပင်ကြီးတွေ ကျိုးကျတယ်။ မကျီးပင်ပုကျေးရွာ အုပ်စုမှာရှိတဲ့ ရွာကိုးရွာရှိ နေအိမ်တွေ အမိုးတွေ လန်ကုန်တာများတယ်။ အိမ်ပြိုတာက အိမ်ငယ်လေးတွေ နွားတင်းကုပ်တွေ များတယ်။ လေပြင်းတိုက်ခတ်တာ ဖုန်းတာဝါတိုင်တောင် လဲပြိုကျခဲ့တယ်" ဟု ဒေသခံတစ်ဦးက ပြောပြ၍ သိရသည်။

အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ နွားတင်းကုပ်များနှင့် သစ်ပင်ကြီးများ ကျိုးကျပျက်စီးခဲ့သည့် အရေအတွက်ကို စာရင်းကောက်ယူ နေကြောင်း၊ လေပြင်းတိုက်ခတ် မှု့ကြောင့် လူ၊ တိရစ္ဆာန်အသေအပျောက်၊ ထိခိုက် ဒဏ်ရာရရှိသူ ရှိ၊ မရှိ မသိရသေးကြောင်း စလင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးအေးကိုက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment