Pages

Wednesday, April 4, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကွမ်းလုံနှင့် ဟိုပန်တပ်နယ်တို့ရှိ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေး စကားပြောကြား၊ အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာ(လားရှိုး) သို့ သွားရောက်ကြည့်ရှု စစ်ဆေး


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တွေ့ဆုံပွဲသို့တက်ရောက်လာကြသော နယ်မြေခံတပ်အသီးသီးမှ အရာရှိ၊စစ်သည်၊ မိသားစုဝင်များအား 
ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်။


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
ကွမ်းလုံတပ်နယ်ရှိနယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေး
 စကားပြောကြားစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
ကွမ်းလုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စစ်မှုထမ်းဟောင်းအိမ်ရာ၌ နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းမိသားစုဝင်များအား ရင်းရင်းနှီးနှီး 
လိုက်လံနှုတ်ဆက်စဉ်။

နေပြည်တော် ၄-၄-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နေ့လယ်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွမ်းလုံနှင့် ဟိုပန်တပ်နယ်တို့သို့ လှည့်လည်၍ နယ်မြေခံ တပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

တွေ့ဆုံပွဲများသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ နယ်မြေခံတပ်များမှ အရာရှိ၊စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲများတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က ရှမ်းပြည်နယ် မြောက်ပိုင်း၌ နယ်မြေလုံခြုံရေးနှင့် စစ်ဆင်ရေး ဆိုင်ရာကိစ္စရပ်များတွင် သက်စွန့်ကြိုးပမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော အရာရှိ၊ စစ်သည်၊ ရဲမေများကို လာရောက်တွေ့ဆုံ ဂုဏ်ပြု အားပေးစကားပြော ကြားခြင်းနှင့် တစ်ဦးချင်းအခက်အခဲနှင့် တပ်ရင်း/တပ်ဖွဲ့အလိုက် အခက်အခဲ လိုအပ်ချက် များကို ချက်ချင်း ဖြည့်ဆည်းပေးနိုင်ရေး လာရောက်ခြင်းဖြစ်ပါ ကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သင့်သိသင့်ထိုက်သော ကိစ္စရပ်များ၊ တပ်မတော်အား နိုင်ငံတကာအဆင့်မီ တပ်မတော် (StandardArmy) တည်ဆောက်ရာတွင် တပ်အလိုက် လိုက်နာဆောင်ရွက် ရန်လိုအပ်ချက်များ၊ ပြည်သူ့စစ် မဟာဗျူဟာဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်တွင်းစည်းလုံးညီညွတ်ရေး အား ပိုမို ကျစ်လစ်ခိုင်မာအောင်တည်ဆောက်၍ တပ်နယ်အလိုက်တပ်ပြင်စည်းရုံးရေးဆိုင်ရာကိစ္စ ရပ်များပါ တစ်ပါတည်း ဆောင်ရွက်ရန်လိုအပ်သည့်အချက်များ၊ စစ်သည်၊ ရဲမေများ၏ သက်သာချောင်ချိရေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်မခံရစေရေးတပ်ပိုင်နှင့် တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင် မြင်စွာလုပ်ဆောင်ရန်လိုအပ်သည့် ကိစ္စ ရပ်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စစ်သည်၊ ရဲမေ၊ မှီခိုများပါဝင် ပတ်သက်မှု မရှိစေ ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် သက်ဆိုင်ရာဒေသအစိုးရ၊ လုံခြုံရေး တပ်ဖွဲ့ ၀င်များ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား အသေးစိတ်မှာကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးဆိုင်ရာကိစ္စရပ်များ၊ တပ်နှင့်ပတ်သက်၍ လိုအပ်ချက်များ၊ စစ်သည်၊ ရဲမေ တစ်ဦးချင်းစီ၏ အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ မေးမြန်းညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲများအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် ဇနီးဒေါ်သန်းသန်းနွယ်တို့က တပ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ် ရာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။ ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောတို့က သုတ/ရသ စာအုပ်စာစောင်များ၊ စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများကို အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသော နယ်မြေခံ တပ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်နယ်အလိုက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ကွမ်းလုံတပ်နယ်ရှိ သမိုင်းဝင်ကွမ်းလုံရက် ၄၀ တိုက်ပွဲဖြစ်ပွားရာ ဟိုက်ကမ်းပါးအား နယ်မြေခံတပ်နေရာမှ ကြည့်ရှုခဲ့သည်။

အလားတူ ညနေပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့၊ ခေးနင်း ကျေးရွာရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လားရှိုး)သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဦးစွာရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက စစ်မှုထမ်းဟောင်းအိမ်ရာ အဆောက်အဦများ လျာထားဆောက်လုပ်မှု၊ ဆောက်လုပ်ပြီးစီးမှု၊ စစ်မှုထမ်းဟောင်း မိသားစုဝင်များ နေထိုင်နေမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များ အသေးစိတ် လမ်းညွှန်မှာကြားသည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာ၌ နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းမိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားများပြောကြားပြီး အိမ်ရာများဆောက်လုပ်နေမှုအခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လားရှိုး)တွင် လျာထားအဆောက်အဦ အနေဖြင့် အရာရှိကြီးနေအိမ် ၂ ခန်းတွဲ ၂ ထပ် ၁၀ လုံး၊ အရာရှိငယ်နေအိမ် ၂ ခန်းတွဲ ၂ ထပ် ၂၀ လုံးနှင့် အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၂ ထပ် ၁၀၇ လုံး၊ စုစုပေါင်း ၁၃၇ လုံးဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပြီးစီးမှုအနေဖြင့် အရာရှိငယ် နေအိမ် ၂ ခန်းတွဲ ၂ ထပ် ၄ လုံး၊ အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၂ ထပ် ၂၈ လုံးဖြစ်ကာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၂ ထပ် ၆ လုံး၊ ဆောက်လုပ်ဆဲဖြစ်ပြီး ယခုနှစ် မေလအတွင်း ပြီးစီမည်ဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ပြီး နေအိမ် ၂၈ လုံး၊ အခန်းပေါင်း ၁၂၈ ခန်း၌ နိုင်ငံတော်နှင့် တပ်မတော်အတွက် စွန့်လွှတ်စွန့်စားစွာဖြင့် အသက်ခန္ခာပေးဆပ်ခဲ့သည့် အရာရှိ/စစ်သည်များ၏ ကျန်ရစ်သူမိသားစုများနှင့် တပ်မတော်အတွင်း သက်ပြည့်အငြိမ်းစား ယူသည့်အချိန်အထိ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ သော အမှုအကင်းရှင်းသည့် အငြိမ်းစားအရာရှိ/စစ်သည် မိသားစုတို့အား ဦးစားပေး အဆင့်အလိုက် နေရာချပေးထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment