Pages

Monday, April 30, 2018

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆုန်ညောင်ရေသွန်း လောင်းပူဇော်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်း လောင်းပူဇော်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မဟာဗောဓိညောင်ပင်အား ညောင်ရေ သွန်းလောင်းပူဇော်စဉ်။

အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြစဉ်။

နေပြည်တော် ၃ဝ-၄-၂ဝ၁၈

မြန်မာတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအ၀င်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့်နေ့ ယနေ့တွင် ကျရောက်သော ညောင်ရေသွန်းပွဲတော်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများသည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်ရှေ့ လောကချမ်းသာဆုတောင်းပြည့် ဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် လောကချမ်းသာ ဆုတောင်းပြည့်ဘုရားကြီးအား ပန်း၊ ဆီမီးနှင့် သောက်တော်ရေချမ်းတို့ ဆပ်ကပ်လှူဒါန်းသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသည် လောကချမ်းသာဆုတောင်းပြည့်ဘုရားကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေ သွန်းလောင်းပူဇော်ရန် နေရာယူကြပြီး သတ်မှတ်ထားသည့်နေရာများမှ အဖွဲ့အလိုက် မဟာဗောဓိညောင်ပင် များကို ညောင်ရေသွန်းလောင်းပူဇော်ကြကာ အမွှေးနံ့သာရည်များပက်ဖြန်းပူဇော်ခဲ့ကြသည်။

အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြကာ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်များတွင်လည်း ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲများကို ပြုလုပ်ကြရာ နေပြည် တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့တွင် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment