Pages

Tuesday, April 10, 2018

နောင်ချိုမြို့နယ် အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ



နေပြည်တော် ၁၀-၄-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချို မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၇ ရက်မှ ၉ ရက်အထိ နယ်မြေလုံခြုံရေး ဆောင်ရွက်ရာ၌ ဆည်တော်ကြီးကန်၏ အရှေ့ဘက် မီတာ၅ဝဝ ခန့် အကွာနှင့် ပတ်ဝန်းကျင်နေရာ တစ်ဝိုက်၌ စုပုံထားသော တရားမဝင် ပိတောက်၊ ပျဉ်းကတိုး၊ အင်၊ အင်ကြင်းသစ်လုံးနှင့် တမလန်းသစ် ခွဲသားဆိုဒ်စုံ စုစုပေါင်းတန် ၅ဝ ခန့်ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များကို နောင်ချိုမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment