Pages

Wednesday, March 7, 2018

ရေးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားလိုင်း မရောက်ရှိသော နေရာများတွင် ဒီဇယ်ဆီဖြင့် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးမည်



ရန်ကုန် ၇-၃-၂ဝ၁၈

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုင်းမှ မီးမရရှိသေးသည့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် Southern Myanmar Development ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂၆၄၅၇သန်း ရင်းနှီးမြှုပ်နှံ၍ ဒီဇယ်ဆီဖြင့်လျှပ်စစ် ၁ဝမဂ္ဂါဝပ် ထုတ်လုပ်ဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Southern Myanmar Development ကုမ္ပဏီအပြင် i-Land Park Myanmar Limited ကလည်း အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၈ သန်း ရင်းနှီးမြှုပ်နှံ၍ ပဲခူးတိုင်းဒေသကြီး i-Land Park စက်မှုဇုန်အတွင်း၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည် ဖြစ်ပြီး အဆိုပါကုမ္ပဏီနှစ်ခုကို ဖေဖော်ဝါရီ ၂၇ရက်က လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တစ်ခုကတော့ ကျေးလက်မီးပေးတာပါ။ ရေးမြို့နယ်မှာ လောလောဆယ် နိုင်ငံတော်က လျှပ်စစ်ဓာတ်အား မရောက်တဲ့ နေရာတွေမှာ သူတို့အစီအစဉ်နဲ့ လျှပ်စစ်မီး ပေးဖို့လုပ်နေတာပါ။ ဒါကတော့ နိုင်ငံတော်က အားပေးနေတဲ့ ကဏ္ဍဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပဲခူးမှာရှိတဲ့ i-Land Park စက်မှုဇုန်ထဲမှာ စက်မှုဇုန်ကို Develop လုပ်တဲ့သူက သူ့စက်မှုဇုန်ထဲမှာ လုပ်မယ့်လုပ်ငန်း တွေအတွက် သူ့ဟာသူမီးပေးဖို့ ရင်းနှီးမြှုပ်နှံထားတာပါ" ဟု မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောပြသည်။

"Southern Myanmar Development ကုမ္ပဏီက ရေးမြို့ရဲ့မြောက်ဘက်က မြို့မရပ်ကွက် နှစ်ခုနဲ့ ကျေးရွာ ၁ဝ ရွာကိုဒီဇယ်နဲ့ ထုတ်လုပ်ပြီးတော့ လျှပ်စစ်ဓာတ်အား ပေးမှာဖြစ်ပါတယ်။ i-Land Park ကတော့မီးထိုးဆီ (ခ)Foc နဲ့ ၁၉ မဂ္ဂါဝပ်ထုတ်လုပ်ပြီးတော့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှာပါ"ဟုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်က ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment