Pages

Wednesday, March 28, 2018

စစ်ကိုင်းမြို့၌ သင်္ကြန်ကာလ အိတ်ဇောဖွင့် ဆိုင်ကယ်များ မောင်းနှင်ခြင်းမရှိစေရန် ဆိုင်ကယ်ပြုပြင်ရေး ဆိုင်များကို လိုက်လံအသိပညာပေး ခြင်းများပြုလုပ်နေ



စစ်ကိုင်း ၂၈-၃-၂ဝ၁၈

စစ်ကိုင်းမြို့၌ သင်္ကြန်ကာလ အိတ်ဇောဖွင့် ဆိုင်ကယ်များ မောင်းနှင်ခြင်း မရှိစေရန် မတ် ၂၅ရက်မှ စတင်၍ ဆိုင်ကယ်ပြုပြင် ရေးဆိုင်များကို လိုက်လံအသိ ပညာပေးခြင်းများ ပြုလုပ်နေပြီး အိတ်ဇောဖွင့် ဆိုင်ကယ်များကို ဖမ်းဆီးမှုများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း အမှတ် (၁ဝ၅) (စစ်ကိုင်း) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုရုံးမှ သိရသည်။

သင်္ကြန်ကာလ စစ်ကိုင်းမြို့၌ အိတ်ဇောဖွင့် ဆိုင်ကယ်များ မောင်းနှင်မှု မရှိစေရေးအတွက် မတ် ၂၅ ရက်မှစတင်၍ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များရှိ ဆိုင်ကယ်ပြုပြင်ရေး ဆိုင်များကို လိုက်လံ အသိပေးပြီး ဆိုင်ကယ်အိတ်ဇော ဖွင့်များ လာရောက် တပ်ဆင်ရာတွင် ပြုလုပ်ဆောင်ရွက်ပေးခြင်း မပြုရန်နှင့် ဆိုင်ကယ်အိတ်ဇောဖွင့် မောင်းနှင်မည့် သူများကို ၎င်းတို့မှတစ်ဆင့် အသိပညာများ ပြန်လည်ဖြန့်ဝေပေးရန် အသိပေးဟောပြောမှုများပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိတွင် ဆိုင်ကယ်အိတ်ဇောဖွင့် မောင်းနှင်မှုများကို ဖမ်းဆီး
အရေး ယူမှုများ ပြုလုပ်လျက်ရှိကြောင်း အမှတ် (၁ဝ၅) (စစ်ကိုင်း) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးမှ ဒုတိယရဲအုပ်အောင်ဇေထွန်းက ပြောပြသည်။

သင်္ကြန်ကာလတွင် စည်းကမ်းပျက် မော်တော်ယာဉ်များ မောင်းနှင်မှု မရှိစေရေးအတွက် သင်္ကြန်မတိုင်မီကာလတွင် အသိပေး လှုံ့ဆော်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် အိတ်ဇောဖွင့်ဆိုင်ကယ် အစီး၂ဝထိ ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း၊ ဖမ်းဆီးရမိခဲ့သည့် အိတ်ဇောဖွင့် ဆိုင်ကယ်များကို သက်ဆိုင်ရာ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ စည်းကမ်းပျက် ယာဉ်များကို သင်္ကြန်ကာလပြီးမှ ပြန်လည်ထုတ်ပေးရန် ညွှန်ကြားမှုများ ရှိလာပါက ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment