Pages

Friday, March 30, 2018

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၃၀-၃-၂၀၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang အားယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးမှတာဝန်ရှိ သူများတက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်-မောင်တောဒေသ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ထွက်ခွာသွားသည့် ဘင်္ဂါလီများအား မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်များနှင့် အညီ လက်ခံနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ကုလသမဂ္ဂနိုင်ငံ တကာမျက်နှာစာတွင် တရုတ်နိုင်ငံက မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ရပ်တည်ပေးမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာမှ ပေးအပ်သော အကူအညီများအပေါ် ရခိုင်တိုင်းရင်းသား ဒေသခံများက ယုံကြည်လက်ခံနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေများ၊ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ထပ်မံ တိုက်ခိုက်မှုမဖြစ်ပွား စေရေးအတွက် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် တပ်မတော်နှစ်ရပ်အကြား၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့များအကြား ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ် မှန်များအား နိုင်ငံတကာမှအမှန်အတိုင်းသိရှိစေရေးအတွက် နိုင်ငံတကာမှသံတမန်များနှင့် သတင်းမီဒီယာ အဖွဲ့များသွားရောက်သတင်းရယူမှုနှင့် တချို့မီဒီယာများမှမမှန်သတင်း များထုတ်လွှင့်လျက်ရှိမှုအခြေအနေများ၊ တပ်မတော်မှထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ပြီး စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment