Pages

Friday, February 16, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးနှင့် ထိုင်းဘုရင်မင်းမြတ်မှပေးအပ်ချီးမြှင့်သည့် “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အပ်နှင်းခြင်း အခမ်းအနား တက်ရောက်ရန်ထွက်ခွာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက နေပြည်တော်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်စဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီး၊ တာဝန်ရှိသူတို့က ဗန်ကောက်မြို့ရှိ ဒွန်မောင်း တပ်မတော်လေဆိပ် (Wing-6) ၌ ကြိုဆိုနှုတ်ဆက်စဉ်။

နေပြည်တော် ၁၆-၂-၂ဝ၁၈

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်နှင့် ထိုင်းဘုရင်မင်းမြတ်မှ ပေးအပ်ချီးမြှင့်သည့် “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အပ်နှင်းခြင်း အခမ်းအနား တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Narong Boonsatheanwong ၊ ထိုင်းဘုရင့်တပ်မတော် လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြပြီး ခရီးစဉ်အတွင်း ထိုင်းဘုရင်မင်းမြတ်မှပေးအပ်ချီးမြှင့်သည့် “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အား လက်ခံရယူခြင်းနှင့် အထင်ကရနေရာများအား လှည့်လည်ကြည့်ရှု လေ့လာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ သည် နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဒွန်မောင်းတပ်မတော်လေဆိပ်(Wing-6) သို့ရောက်ရှိရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment