Pages

Friday, February 2, 2018

ဆန်ရောင်းဝယ်မှု စည်းကမ်းချက်များ ပြန်လည်ရေးဆွဲရန် စီစဉ်နေ



ရန်ကုန် ၂-၂-၂ဝ၁၈

မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းနှင့် ဆန်ကုန်စည်ဒိုင်များ ပူးပေါင်း၍ ဆန်ရောင်းဝယ်မှု စည်းကမ်းချက်များကို ပြန်လည်ရေးဆွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းစိုး ထံမှ သိရသည်။

''ဆန်အရောင်းအဝယ် ဈေးကွက်အတွင်းမှာ ငွေကြေး လိမ်လည်ခံရလို့ ဆုံးရှုံးမှုတွေ ဖြစ်နေတာက ဒီနှစ်အတွင်း မကြာခဏ ဆိုသလို ဖြစ်နေပါတယ်။ ကုန်စည်ဒိုင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဆန်စပါး လုပ်ငန်းအတွက်သိပ်အကျိုးမပြုဘူး ဆိုပြီး တချို့ဝေဖန်တာတွေ ရှိနေပါတယ်။ ဒီလိုဖြစ်နေတဲ့ ပြဿနာတွေ အပေါ်မှာ အရင်းခံပြီးတော့ ကောင်းမွန်တဲ့ စည်းကမ်းတွေချမှတ်ဖို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်'' ဟု ဦးအောင်သန်းဦးကပြောသည်။

ဆန်အရောင်းအဝယ် ဈေးကွက်တွင် ဇန်နဝါရီလက ငွေကြေးပမာဏ ၅ ဒသမ ၆ ဘီလီယံဝန်းကျင် ခန့်ရှိသည့် ဆန်များကို Exporter တစ်ဦးက လိမ်လည်ကာ ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့သောကြောင့် ကုန်သည် ၆၆ ဦး ခန့် ငွေကြေး ဆုံးရှုံးမှုရှိခဲ့ကြောင်းနှင့် ဆန်စပါးရောင်းဝယ်မှုတွင် မကြာခဏ ဖြစ်ပေါ်နေသည့် ငွေကြေးလိမ်လည်ခြင်းကြောင့် ဆုံးရှုံးမှုများကို ကောင်းမွန်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းဖြင့် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဆန်ရောင်း ဝယ်မှု စည်းကမ်းချက်များကို ပြန်လည်ရေးဆွဲရခြင်း ဖြစ်သည်။

ထိုသို့ စည်းမျဉ်းစည်းကမ်းများကို ပြန်လည်ရေးဆွဲရန် ဆန်အကျိုးဆောင် များအဖွဲ့၊ ဆန်စက်ပိုင်ရှင်နှင့် နယ်မှဆန် တင်ပို့သည့် ကုန်သည်များ အစုအဖွဲ့နှင့် ပွဲရုံလုပ်ငန်းရှင်များ၊ ပြည်ပတင်ပို့ ကုမ္ပဏီများ၊ ဆန်လက်လီဆိုင် ရှင်များပါဝင်သည့် ဝယ်ယူသူများအဖွဲ့ဟူ၍ အဖွဲ့သုံးဖွဲ့ခွဲကာ အကြိုဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှ ရလဒ်များကို ပြန်လည်ပေါင်း စည်းသုံးသပ်ကာ ဖေဖော်ဝါရီ ဒုတိယပတ်တွင် ဆွေးနွေးပွဲကြီးတစ်ခုကို ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment