Pages

Tuesday, February 6, 2018

ဖားကန့် မြို့နယ်တွင် ငွေကျပ် ၂၁၁၄၉ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



ဖားကန့် ၆-၂-၂ဝ၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မန္တလေးမှ ဖားကန့်သို့ မောင်းနှင်လာသော ယုဒီ (၁၂) ဘီးယာဉ် တစ်စီးအတွင်းမှ စုစုပေါင်းငွေကျပ် ၂၁၁၄၉ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကာမိုင်း နယ်မြေရဲစခန်းမှ အနောက်မြောက်ဘက် ၂၄မိုင်ခန့် အကွာရှိ နန့်တိန်ကျေးရွာတွင် တပ်မတော်မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ဇန်နဝါရီ ၄ ရက် ညနေ ၄ နာရီက မန္တလေးမှ ဖားကန့်သို့ယာဉ်မောင်း ဖြိုးကျော် ရန်ကုန်တိုင်းဒေသကြီး နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် ဂျီတော ရှမ်းပြည်နယ် (တောင်ပိုင်း ) နေသူ လိုက်ပါလာသည့် 9B/--- နီဆန်းအမျိုးအစား ယုဒီ (၁၂) ဘီးယာဉ် (ဖြူကြား/မီးခိုးရောင်)ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ကုန်စုံပစ္စည်းများနှင့် ရောနှောတင်လာသည့် RUBY စီးကရက် ဂျပ်ဖာ ခုနစ်ပုံးအတွင်းမှ 88/1 စိတ်ကြွဆေးပြား တစ်ထုပ်လျှင် ၁၉၅ ပြားပါ အထုပ်သေး ၃ဝ၊ အထုပ်ကြီး ၃၇ထုပ်၊ စုစုပေါင်းဆေးပြား ၂၁၆၄၅ဝပြား ဒေသပေါက်ဈေး တစ်ပြားလျှင် ငွေကျပ် ၅ဝဝဝ နှုန်းဖြင့် ကာလတန်ဖိုးငွေကျပ် ၁ဝ၈၂၂ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူတစ်ခွက်လျှင် ၁ဝဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၁ဝ၈၇ခွက် ဒေသပေါက်ဈေး တစ်ကီလိုလျှင်ငွေကျပ်သိန်း ၉၅ဝနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁ဝ၃၂၆ ဒသမ ၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ၂၁၁၄၉သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသော ပြစ်မှုကျူးလွန်သူ နှစ်ဦးကို တပ်မတော်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထောက် (၄) ပြေစာဖြင့် လွှဲပြောင်းအပ်နှံချက်အရ မူးယစ်တပ်စု (၃)မှ ရဲအုပ်နေလင်းထွန်းကအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment