Pages

Monday, February 26, 2018

သင်္ကြန်ကာလတွင် အမျိုးသားဇာတ်ရုံ (မန္တလေး) ၌ ပွဲငှားရမ်းခြင်းကို ဧပြီ ၁၃ ရက်မှစ၍ ယာယီရပ်နားထားမည်



မန္တလေး ၂၆-၂-၂ဝ၁၈

သင်္ကြန်ကာလတွင် အမျိုးသားဇာတ်ရုံ (မန္တလေး) ၌ ပွဲငှားရမ်းခြင်း လုပ်ငန်းများကို ဧပြီ ၁၃ ရက်မှစ၍ ယာယီရပ်နားထားမည် ဖြစ်ကြောင်း အဆိုပါဇာတ်ရုံ (မန္တလေး) အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မကြာမီကာလတွင် မြန်မာ့ရိုးရာ အတာရေသဘင် ပက်ဖျန်းမည့် သင်္ကြန်ပွဲတော် ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ယခုလက်ရှိ ဂီတဖျော်ဖြေပွဲများနှင့် ပြပွဲများ အပါအဝင် အခြားပွဲတော်များ ကျင်းပလိုသည့် လုပ်ငန်းရှင်များကို အမျိုးသားဇာတ်ရုံ (မန္တလေး)မှ ပွဲငှားရမ်းမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ဧပြီလတွင်ကျင်းပမည့် သင်္ကြန်ပွဲတော်အတွင်း ၎င်းဇာတ်ရုံမှ လုပ်ငန်းရှင်များကို ပွဲငှားရမ်းမှု လုပ်ငန်းများ ယာယီရပ်နားထား
မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဇာတ်ရုံ (မန္တလေး)ကို ဧပြီ ၁၃ ရက်မှစ၍ ဧပြီ ၁၇ ရက်ထိ ပွဲငှားရမ်းခြင်း လုပ်ငန်းများကို ယာယီရပ်နားထားမည် ဖြစ်ကြောင်း၊ ဧပြီ ၁၈ ရက်တွင် ပွဲငှားရမ်းခြင်း လုပ်ငန်းများကို ပြန်လည်ဖွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားဇာတ်ရုံ (မန္တလေး) သည် နှစ်ပေါင်း ကြာမြင့်လာသည့်အတွက် ဇာတ်ရုံအတွင်း၊ အပြင်၌ ဟောင်းနွမ်းနေသည့် လေဒဏ်၊ မိုးဒဏ်၊ နေဒဏ် စသည့်သဘာဝ ဘေးအန္တရာယ်များကြောင့် ဟောင်းနွမ်း ဆွေးမြည့်မှုများ ရှိနေသည့် အတွက် ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဇာတ်ရုံကို ယာယီပိတ်ထားကာ အကြီးစားပြုပြင်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် ဇာတ်ရုံ အတွင်း၊အပြင်၌ အကြီးစားပြုပြင်ထားပြီး ဖြစ်ကြောင်း၊ အလား
တူ ၎င်းဇာတ်ရုံကိုလည်း လုပ်ငန်းရှင်များ စိတ်ကျေနပ်မှုရှိစေရေး ထိုင်ခုံမှအစအခြား အသုံးအဆောင် များကိုပါ အဆင့်မြှင့်တင် ပေးထားသည့်အတွက် ယခင်က ပွဲငှားရမ်းခအနေဖြင့် ငွေကျပ် ၁ဝ သိန်းသာ ကောက်ခံခဲ့ သော်လည်း ၂ဝ၁၇ ခုနှစ်မတ်လ ၁ ရက်မှစ၍ လက်ရှိအချိန်ထိ ပွဲငှားရမ်းခကို ငွေကျပ်သိန်း၂ဝထိ တိုးမြှင့်ကောက်ခံလျက် ရှိကြောင်း သိရသည်။

အမျိုးသားဇာတ်ရုံ (မန္တလေး) တွင် ပွဲကြည့်စင်အပေါ်၊ အောက်ပရိသတ်ဦးရေ စုစုပေါင်း ၁၂ဝဝဝ ထိ ဝင်ဆံ့ကြောင်း၊ ၎င်းအမျိုးသား ဇာတ်ရုံကို မီးအလင်းရောင်များနှင့် ထိုင်ခုံများကိုပါ အသစ်လဲလှယ် ပေးထားသည့်အတွက် ပွဲငှားရမ်းသည့်လုပ်ငန်းရှင်များ အတွက်ပါ စိတ်ကျေနပ်မှု အပြည့်အဝရရှိနိုင်မည် ဖြစ်ကြောင်း၊ လာမည့်မတ်လ အတွင်း၌လည်း ငှားရမ်းထားသည့် ပွဲပေါင်းသုံးပွဲခန့်ထိ လက်ခံငှားရမ်း ပေးထားကြောင်း ၎င်းထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment