Pages

Monday, February 26, 2018

ညောင်ပင်ကြီးစု ကျေးရွာရှိ ရှေးဟောင်း စေတီတော်များအား ဆီမီး ၃ဝဝဝ၊ ပန်း ၃ဝဝဝ ကပ်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ




နေပြည်တော် ၂၆-၂-၂ဝ၁၈

နေပြည်တော် အသိုင်းအဝိုင်းအဖွဲ့က ဦးဆောင်၍ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ သိမ်ကျောင်းတိုက် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းစေတီတော် များအား ပထမအကြိမ် ဆီမီး ၃ဝဝဝ၊ ပန်း
၃ဝဝဝ ကပ်လှူပူဇော်ပွဲကို ယနေ့ညနေ ၅ နာရီခွဲတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ အလှူရှင်များက ရှေးဟောင်း စေတီတော်များအား ပန်း ၃ဝဝဝ ကပ်လှူပူဇော်ကာ သိမ်ကျောင်းတိုက် ဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တစက္ကဏ္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကဆီမီး ၃ဝဝဝ ကို စတင်မီးထွန်းညှိ ပူဇော်ပေးသည်။

ဆက်လက်၍ နေပြည်တော် အသိုင်းအဝိုင်း အဖွဲ့က ဦးဆောင်၍ ဆီမီးထွန်းညှိ ပူဇော်ကြသည်။ ထို့နောက် ညောင်ပင်ကြီးစု ကျေးရွာဝတ်ရွတ်အသင်းက အဘိဓမ္မာတရားတော်များဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။ ဆီမီးပူဇော်ပွဲသို့လာရောက် ကြသူများအား အလှူရှင်များက စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံ ကျွေးမွေးသည်။

ယင်းသိမ်ကျောင်းတိုက် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းစေတီ တော်များအား မြန်မာသက္ကရာဇ် ၁၂၂ဝ ပြည့်နှစ် ကတည်းက တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်ပြီး နှစ်ကာလကြာမြင့်ကာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေသော စေတီပုထိုး ၅၄ ဆူကို ရှေးမူမပျက်ပြန်လည် မွန်းမံပြင်ဆင်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment