Pages

Friday, February 2, 2018

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ရေယာဉ်၊ တွဲယာဉ်ဟောင်းများနှင့် ဒလနှင့်ဒဂုံသင်္ဘောကျင်းများမှ သံပြားဟောင်းများကို လေလံတင်ရောင်းချမည်



ရန်ကုန် ၂-၂-၂ဝ၁၈

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ပိုင်ရေယာဉ်၊ တွဲယာဉ်ဟောင်း ၄၉ စီးနှင့် ဒလသင်္ဘောကျင်းနှင့် ဒဂုံဆိပ်ကမ်း သင်္ဘာကျင်းများမှ သံပြားဟောင်း တန်ချိန် ၁၄ဝ ကျော်ကို မျက်မြင် အခြေအနေအတိုင်း အိတ်ဖွင့်လေလံတင် စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ သတင်းများအရ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာအနေဖြင့် မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ရခိုင်ဌာနခွဲ၊ ချင်းတွင်းဌာနခွဲ၊ ဧရာဝတီဌာနခွဲ၊ သံလွင်ဌာနခွဲ၊ကုန် ပို့ဆောင်ရးဌာန ခွဲခြောက်ခု၊ စက်ရှိ၊စက်မံရေယာဉ် စုစုပေါင်း ၃၂၂စီး ကိုအသုံးပြုကာ နှစ်စဉ်ပျမ်းမျှခရီးသည် ၁၅ ဒသမ ဝ၆ သန်းနှင့် ကုန်တန်ချိန် ၂ ဒသမ၇ သန်းခန့်ကို သယ်ယူပို့ဆောင်ပေး နေသည့် နိုင်ငံတော်ပိုင်အဖွဲ့ အစည်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။

မြစ်ဝကျွန်းပေါ် ဒေသများတွင် ရေယာဉ်လုပ်ငန်းအချို့ ရပ်နားသွားခဲ့သောကြောင့် ပြည်တွင်းရေကြောင်း ခရီးစဉ်များနှင့် ရေယာဉ်အချို့လည်း ရပ်နားသွားခဲ့ရကြောင်း၊ ကြာရှည်ရပ်နားထားပြီး ပြန်လည်ပြုပြင်သုံးစွဲရန် မသင့်သည့်ရေယာဉ်များကို အိတ်ဖွင့်လေလံတင် စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာပုံစံနှင့် အသေးစိတ် အချက်အလက်များကို ဖေဖော်ဝါရီ ၂၃ရက်ထိ အမှတ် (၅ဝ)၊ ပန်းဆိုးတန်းလမ်း၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ပထမထပ်၊ စီမံရေးရာဌာနတွင် ရုံးချိန်အတွင်း ဝယ်ယူစုံစမ်းနိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment