Pages

Monday, February 26, 2018

ညောင်လေးပင်မြို့ မြို့မ (၃) ရပ်ကွက်တွင် ခရစ်ယာန်သင်္ချိုင်း ဝင်းအတွင်း လျှပ်စစ်ဝိုင်ယာ ရှော့ခ်ဖြစ်၍ နေအိမ်တစ်လုံး မီးလောင်



ညောင်လေးပင် ၂၆-၂-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ (၃)ရပ်ကွက် ခရစ်ယာန်သင်္ချိုင်းဝင်း အတွင်း၌ လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ပြီး နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

ခရစ်ယာန် သင်္ချိုင်းအတွင်း၌ နေထိုင်သူ ဦးအေးငွေ (ဘ) ဦးအေးထွန်း၏ နေအိမ်ပေါ်တွင် ဖေဖော်ဝါရီ ၂၄ ရက် ည ၈ နာရီ မိနစ် ၃ဝ ခန့်က သွယ်တန်းထားသည့် အနီအနက်ဝိုင်ယာကြိုး အပူလွန်ကဲရာမှ ရှော့ခ်ဖြစ်ပြီး မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး၊ထရံကာ၊ ပျဉ်ခင်း၊ အိမ်တစ်လုံးဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

မီးလောင်ရာသို့ ညောင်လေးပင် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ကားသုံးစီးနှင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးသိန်းထိုက် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ လာရောက်၍ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ ည ၉ နာရီမိနစ်၂ဝတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ အေးငွေကို ညောင်လေးပင်မြို့မရဲစခန်းက (ပ) ၉၃/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment