Pages

Tuesday, February 27, 2018

စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက်တွင် အိုးလုပ်သည့် မြေနီ၊ မြေနက်များ ရှားပါးလာသည့် အပြင်အလုပ်သမားရှားပါးလာမှု တို့ကြောင့် မိရိုးဖလာအိုးလုပ်ငန်း ကွယ်ပျောက်နိုင်



စစ်ကိုင်း ၂၇-၂-၂ဝ၁၈

စစ်ကိုင်းမြို့ရှိ အိုးဘိုရပ်ကွက်တွင် အိုးလုပ်သည့် မြေနီ၊ မြေနက်များ ရှားပါးလာသည့်အပြင် အလုပ်သမားရှားပါး လာမှုတို့ကြောင့် ရေရှည်တွင် မိရိုးဖလာအိုးလုပ်ငန်း ကွယ်ပျောက်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် အိုးလုပ်ငန်းများတွင် အသုံးပြုသော မြေနီ၊ မြေနက်များ ရှားပါးလာခြင်း၊ အိုးလုပ်သည့် ကုန်ကြမ်းများ ဈေးနှုန်းမြင့်တက် လာခြင်းနှင့်အတူ သယ်ယူခများ မြင့်တက်လာခြင်း၊ အလုပ်သမား ရှားပါးလာခြင်း တို့ကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူ အချို့လုပ်ငန်း ရပ်ဆိုင်းကာ အလုပ်အကိုင် အသစ်များ ရှာဖွေလုပ်ကိုင် လာကြကြောင်း သိရသည်။

"အိုးလုပ်တဲ့ မြေနီရောမြေနက်ပါ ရှားလာပါတယ်။ အရင်တုန်းက မြေနီကို ဒီနားပတ်ဝန်းကျင်မှာ တူးလို့ရပါတယ်။ ဝယ်လို့လဲ ရတယ်။ အခုကျ မင်းကွန်းသွားတဲ့ လမ်းက ပယ်ငါးဆယ်၊ ခိုတောင်၊ ချောင်းပေါက်ရွာတွေဘက်က မြေနီကို ထော်လာဂျီ တစ်စီးငွေကျပ် ၃ဝဝဝဝ ကျော်၊ မြေနက် ထော်လာဂျီတစ်စီး ငွေကျပ်၂ဝဝဝဝကျော်ပေးဝယ်နေရပါတယ်။ အရင်ကဆိုရင် အိုးဘိုရပ်ကွက်က မြို့အစွန်ကျပါတယ်။ အလုပ်အကိုင် ရွေးချယ်စရာမရှိဘူး။ ဒီအိုးလုပ်ငန်းပဲ အဓိကထား လုပ်ကြတာပါ။ အခုကျ တက္ကသိုလ်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေ ပေါ်လာတော့ အလုပ်အကိုင် ရွေးချယ်စရာ ပေါလာတယ်"ဟု စစ်ကိုင်းမြို့မှ အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment