Pages

Wednesday, February 21, 2018

သမိုင်းဝင် ကျောက္ကာဆုတောင်းပြည့် ရွှေကူနီ မြတ်စွာဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် စိန်ဖူးတော်တင်လှူ ပူဇော်ပွဲကျင်းပမည်



မုံရွာ ၂၁-၂-၂ဝ၁၈

မုံရွာမြို့နယ် ကျောက္ကာကျေးရွာရှိ သမိုင်းဝင် ကျောက္ကာဆုတောင်းပြည့် ရွှေကူနီမြတ်စွာဘုရားကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် စိန်ဖူးတော် တင်လှူ ပူဇော်ပွဲကိုမတ် ၁ ရက် (တပေါင်းလပြည့်နေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့မှ သိရသည်။

သမိုင်းဝင် ကျောက္ကာဆုတောင်းပြည့် ရွှေကူနီမြတ်စွာ ဘုရားကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ခြင်းလုပ်ငန်းကို ၂ဝ၁၇ခုနှစ် သြဂုတ် ၁ဝ ရက်က သမိုင်းဝင် ကျောက္ကာဆုတောင်းပြည့် ရွှေကူနီမြတ်စွာဘုရားကြီး ဂေါပကအဖွဲ့က ကြီးမှူးပြီး နိုင်ငံတစ်ဝန်းမှ အလှူရှင်များဖြင့် စတင်ကပ်လှူခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီလဆန်း ပိုင်းတွင် ပြီးမြောက်ခဲ့ပြီဖြစ်သဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် စိန်ဖူးတော် တင်လှူပူဇော်ပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

"ရွှေသင်္ကန်းကပ်လှူတဲ့ အချိန်ကစပြီး ဒီနေ့ထိ ဘုရားဖူးလာရောက်ကြတဲ့ ဧည့်သည်တွေ လှူဒါန်းတဲ့ အလှူငွေအပြင် ရတနာပစ္စည်း အမျိုးအစားပေါင်း ၁၁၅ဝ ကျော်ကို အလှူခံရရှိထားပါတယ်။ အဲဒီရတနာ ပစ္စည်းတွေကို စိန်ဖူးတော်ထဲမှာလဲ ထည့်သွင်း ဌာပနာမယ်။ နောက်ပြီး ထီးတော်မှာလဲ ချိတ်ဆွဲပြီးတော့ ပူဇော်သွားမှာပါ"ဟု သမိုင်းဝင် ကျောက္ကာဆုတောင်းပြည့် ရွှေကူနီမြတ်စွာဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးမင်းလှိုင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment