Pages

Thursday, January 25, 2018

YBS စနစ်နှင့် ကိုက်ညီသော ခေတ်မီဘတ်စကား မှတ်တိုင်အသစ် ငါးရာနှင့် သတင်းအချက်အလက်များ ဖော်ပြသည့် ဆိုင်းဘုတ်ငါးရာ တည်ဆောက်မည်



ရန်ကုန် ၂၅-၁-၂ဝ၁၈

ရန်ကုန်မြို့တွင် YBS စနစ်နှင့် ကိုက်ညီသော ခေတ်မီဘတ်စကား မှတ်တိုင်အသစ်ငါးရာနှင့် ရန်ကုန်မြို့၏ သတင်းအချက်အလက်များကို အသိပေးဖော်ပြသည့် ဆိုင်းဘုတ်ငါးရာကို အကောင်အထည်ဖော် တည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ သတင်းများအရ သိရသည်။

အဆိုပါ YBS ခရီးသည်တင် မော်တော်ယာဉ်လိုင်းစနစ်နှင့် ကိုက်ညီသည့် ခေတ်မီဘတ်စကား မှတ်တိုင်များနှင့် ရန်ကုန်မြို့၏ သတင်းအချက်အလက်များကို ဖော်ပြသည့် ဆိုင်းဘုတ်များကို မက်(စ်) မြန်မာအင်ဗက်(စ်)ကုမ္ပဏီနှင့် JCDecaux တို့ ပူးပေါင်းတည်ထောင်ထားသည့် ဖက်စပ်ကုမ္ပဏီ အသစ်တစ်ခု ဖြစ်သော FMID ecaux ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်သည်။ အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယခုနှစ် ဇန်နဝါရီ ၂ဝရက်က FMID ecaux ကုမ္ပဏီနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီတို့ MoU လက်မှတ်ရေးထိုး ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ YBS စနစ်နှင့်ကိုက်ညီသည့် ခေတ်မီဘတ်စကား မှတ်တိုင် ၅ဝဝတည်ဆောက် သွားမည်ဖြစ်ပြီး ကြော်ငြာစာမျက်နှာ များနှင့် ရန်ကုန်မြို့၏ သတင်းအချက်အလက်များကို အသိပေးဖော်ပြသည့် ဆိုင်းဘုတ် ၅ဝဝကိုလည်း တပ်ဆင် တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment