Pages

Monday, January 22, 2018

သကံချောင်းတံတား မကြာမီ ဖွင့်လှစ်မည်



ဘိုကလေး ၂၂-၁-၂ဝ၁၈

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဘိုကလေး-စက်ဆန်း-ထော်ပိုင်-အမာလမ်း မိုင်တိုင်အမှတ်(၈/၅)၌ တည်ရှိသော သကံချောင်း တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၄)က ၂ဝ၁၂ ခုနှစ် မေ ၅ ရက်မှစတင် တည်ဆောက်လျက်ရှိရာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်ပြီး မကြာမီဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားကြီးသည် ဧရာဝတီတိုင်း ဒေသကြီး လမ်းကွန်ရက် ၁၃ လမ်းတွင် လမ်းအမှတ် (၆) ဖြစ်ပြီး ဘိုကလေး မြို့နယ်နှင့် ကျေးရွာပေါင်း ၂ဝ ကျော်ကို ဆက်သွယ်ပေး ထားခြင်းဖြစ်သည်။ တံတားကြီး၏အရှည်မှာ ပေ၂၃၁ဝ၊ ယာဉ်သွားလမ်း ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၃ ပေ ၆ လက်မရှိသည်။

တံတားအောက်ခြေမှာ သံကူကွန်ကရစ်ဘိုးပိုင် အုတ်မြစ်ဖြစ်ပြီး ကိုယ်ထည်မှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်သည်။

အဆိုပါ တံတားကြီးပြီးစီးပါက ဘိုကလေး-စက်ဆန်း-ထော်ပိုင်-အမာလမ်းပေါ်ရှိ ကျေးရွာပေါင်း ၂ဝ ၌ နေထိုင်ကြသော ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍတို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ဒေသထွက်ကုန်စည် များလည်း ရန်ကုန်တိုင်း ဒေသကြီးသို့ တိုက်ရိုက်ကုန်သွယ် နိုင်မည်ဖြစ်သဖြင့် အဓိကကုန်စည်စီးဆင်းမှု အသက်သွေးကြော လမ်းမကြီးတစ်ခု ဖြစ်လာတော့မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment