Pages

Wednesday, January 10, 2018

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အစိုးရတင်ဒါအောင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအား အာမခံပစ္စည်းမယူဘဲ ချေးငွေထုတ်ပေး



ရန်ကုန် ၁ဝ-၁-၂​​ဝ၁၈

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) က အစိုးရတင်ဒါ အောင်ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို အာမခံ ပစ္စည်းမယူဘဲ ချေးငွေထုတ်ပေး နေကြောင်းအဆိုပါ ဘဏ်၏သတင်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက် သတင်းများအရ သိရသည်။

အစိုးရတင်ဒါ အောင်မြင်သော ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို အာမခံပစ္စည်းမယူဘဲ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) မှ Project အလိုက် ချေးငွေများထုတ်ချေး ပေးနေခြင်းဖြစ်ကြောင်း၊ ယခုအခါ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဘဏ်မှ JICA ၏ SME ချေးငွေရရှိပါက ခွင့်ပြုထုတ်ချေးပေး နိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါချေးငွေများကို အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍနှင့် ဆောက်လုပ်ရေး ကဏ္ဍတို့အတွက် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ထုတ်ချေးပေးရာတွင် လယ်ယာကဏ္ဍအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် (CHDB)၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းကဏ္ဍအတွက် မြန်မာ့စီးပွားရေးဘဏ် (CHDB) နှင့် ဆောက်လုပ်ရေး ကဏ္ဍအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) များမှတစ်ဆင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထုတ်ချေး ပေးရာတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) မှ ဆောက်လုပ်ရေး ကဏ္ဍအတွက် အစိုးရတင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များကို အာမခံပစ္စည်းမယူဘဲ ချေးငွေထုတ်ပေးနေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment