Pages

Monday, January 8, 2018

ကျောက်ဖြူ အထူးစီးပွားရေးဇုန်၌ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံမှ စိတ်ဝင်စား



ကျောက်ဖြူ ၈-၁-၂ဝ၁၈

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၌ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် တရုတ်နိုင်ငံက အထူးစိတ်ဝင်စား လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang ထံမှ သိရသည်။

''တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ လုပ်နေပါတယ်။ အထူးသဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားနေပါတယ်။ ကျောက်ဖြူအထူး စီးပွားရေးဇုန်က ရခိုင်ပြည်နယ် အတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်နိုင်မှာဖြစ်သလို နေရပ်ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း လုပ်ဆောင်ပေးနိုင်တဲ့ စီးပွားရေးဇုန်ဖြစ်လို့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားနေပါတယ်'' ဟု တရုတ်သံအမတ်ကြီး Hong Liang ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဆင်းရဲမှုကို ထိထိရောက်ရောက် လျှော့ချနိုင်ပါက ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုးရှိစေမည် ဖြစ်သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အတွင်းရှိ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပူးပေါင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ကိစ္စရပ်များနှင့် ပတ်သက်၍ အဆင့် (၃) ဆင့်ဖြင့် ပြုလုပ်ရန် အဆိုပြုခဲ့ပြီး ယင်းအဆိုပြုချက်များ ကိုလည်း မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်နှင့် တခြားသောနိုင်ငံ တကာမှလည်း အသိအမှတ်ပြု သဘောတူကာ တချို့သောအချက်များကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment