Pages

Friday, January 19, 2018

မင်းဘူးမြို့အဝင် ဆားပွတ်ချောင်းတံတားအောက် ကိုင်းတောအတွင်းမှ ခိုးဝင်ဘင်္ဂါလီ ၁၂ ဦးနှင့် ယာဉ်မောင်းတစ်ဦးကို ရဲတပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်းဖမ်းဆီး



မင်းဘူး ၁၉-၁-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့အဝင် ဆားပွတ်ချောင်း တံတားအောက် ကိုင်းတောအတွင်း ခိုးဝင်ဘင်္ဂါလီ ၁၂ ဦးနှင့် မော်တော်ယာဉ် မောင်းတစ်ဦးတို့ကို ဒေသခံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တမာတန်းရပ်ကွက်နေ ပြည်သူများပူးပေါင်း၍ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ဆားပွတ်ချောင်း အတွင်းရှိ ကိုင်းတောထဲတွင် လူမျိုးခြား ဘင်္ဂါလီများ ပုန်းအောင်းနေကြောင်း တမာတန်းရပ်ကွက် ရာအိမ်မှူးကို သတင်းပေးသဖြင့် ယနေ့နံနက်၇နာရီခန့်က ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြား သောကြောင့် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ ဖမ်းဆီးရမိခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးမြင့်ဇော်က ပြောပြသည်။

ဖမ်းဆီးရမိသော ခိုးဝင်ဘင်္ဂါလီများမှာ ကော်မော်လာမောက်၊ စီးဒိတ်၊ဂျော်လာမ်း၊အဗ္ဗဒူလာ၊ရူဟူလာမိန်၊ မွန်လား၊အိမ်းဆာရိုရ်ဟောက်၊ ဟူဆာန်အာမောက်၊ဂျာစဲဘား၊ မိုဟာမက်ဂျာကရ်၊နေဇာမ်း၊ အနုရ်ဘော်ချောရ်တို့ဖြစ်ပြီး ၎င်းတို့နှင့် အတူယာဉ်မောင်း မာရဆာနာမွတ် လှိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး နေသူတို့ကို မင်းဘူးမြို့မရဲစခန်းက ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်နေကြောင်း ၎င်းကဆက်လက် ပြောပြသည်။

မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် ဆားပွတ်ချောင်းတံတားအနီးတွင် ဇန်နဝါရီ ၁၇ရက် ည၆နာရီက ယာဉ်မောင်းမာရဆာနာမွတ် မောင်းနှင်လာသော EE/----- ခဲရောင်မော်တော်ယာဉ်နှင့် ဇော်လင်းနိုင် မင်းတုန်းမြို့နေသူ မောင်းနှင်လာသော 9M/ ----အဖြူရောင်မော်တော်ယာဉ်တို့ ဝင်ရောက်တိုက်မိကြရာ မော်တော်ယာဉ်ပေါ်ပါ ဘင်္ဂါလီများမှာ ဆားပွတ်ချောင်းအတွင်း ထွက်ပြေးတိမ်းရှောင်ကာ ပုန်းနေကြောင်း သိရသည်။

"တမာတန်းရပ်ကွက် ရာအိမ်မှူးဦးပျိုချစ်က ဒီနေ့နံနက် ၆နာရီလောက်က ဆားပွတ်ချောင်းအနီး နွားမွေးမြူရေး လုပ်ကိုင်နေသူ ဦးဇော်ဦး နေအိမ်ဝိုင်းအတွင်း ဘင်္ဂါလီတစ်ယောက်က သောက်ရေ၊အစားအစာတွေ တောင်းနေတာကို တွေ့မြင်လို့ အဲဒီဘင်္ဂါလီ ပြန်ထွက်သွားရာကို နောက်ယောင်ခံလိုက်ရာက ကိုင်းတောအတွင်း ပုန်းအောင်းနေတဲ့ ခိုးဝင်ဘင်္ဂါလီတွေကို တွေ့လို့ ကျွန်တော်ထံ အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်နေပြည်သူ အယောက် ၅ဝလောက် ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်"ဟု မင်းဘူးမြို့အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment