Pages

Tuesday, January 30, 2018

ကျိုင်းတုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စွမ်ခမ်း (စွမ်တောင်း) စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲမင်္ဂလာ ကုသိုလ်တော်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ


ကျိုင်းယင်းကျောင်းတိုက် ဆရာတော်အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခမ်းအနားတက်ရောက် လာကြသူများ ငါးပါးသီလခံယူ ဆောက်တည်ကြစဉ်။

ကျိုင်းတုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စွမ်ခမ်း (စွမ်တောင်း) စေတီတော်မြတ်ကြီးကို တွေ့ရစဉ်။

ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံ သဗ္ဗ ညုဘုရားရှင်အား ရည်မှန်းထား၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီးအား ဆက်ကပ်စဉ်။

စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်နှင့် သောက်တော်ရေချမ်းများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ကကပ်လှူပူဇော်စဉ်။

ဆရာတော်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်။

နေပြည်တော် ၃ဝ-၁-၂ဝ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ စွမ်ခမ်း (စွမ်တောင်း) စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း အောင်ပွဲကုသိုလ်တော်နှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျိုင်းယင်းကျောင်းတိုက် ဆရာတော်အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း မှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ကျိုင်းယင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇဘဒ္ဒန္တခေမာစာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များထံမှ ပုရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ စွမ်ခမ်း (စွမ်တောင်း) စေတီတော်မြတ်ကြီးအား ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံဆက်ကပ်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။ ၎င်းနောက် အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများအသီးသီး ဆက်ကပ်လှူဒါန်း ကြသည်။ ယင်းနောက်စွမ်းခမ်း ကျောင်းတိုက်မှ အရှင်ပရိယတ္တိဓါရီက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စွမ်းခမ်းစေတီတော်မြတ်ကြီး ပုံတူအား ပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်သံဃမဟာ နယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာနန္ဒထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေ ကြသည်။

ဆက်လက်ပြီး ဆရာတော်သံဃာတော်များက စွမ်ခမ်း (စွမ်တောင်း) စေတီတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ရတနာရွှေမိုး ငွေမိုးများရွာသွန်း ဖြိုးကြပြီး စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်နှင့် သောက်တော်ရေချမ်းများ ကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူပူ ဇော်ခဲ့မှုမှတ်တမ်း ဓာတ်ပုံများအား ကြည့်ရှုကြသည်။

အဆိုပါစွမ်ခန်း (စွမ်တောင်း) စေတီတော်မြတ်ကြီးသည် ကျိုင်းတုံမြို့၏ ကျက်သရေဆောင် စေတီတော်ကြီးဖြစ်ပြီး သာသနာသက္ကရာဇ် ၁၅၇ ခုနှစ်ခန့်တွင် တည်ထားခဲ့သည့် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီး ဖြစ်ပြီး ကောဇာသက္ကရာဇ် ၈၅၃ ခုနှစ်တွင် စွန်ဆန် စေတီတော်ကြီးသည် ဥတုသုံးပါးဒဏ်ကြောင့် ပြိုလဲခဲ့သည်။ ကောဇာသက္ကရာဇ် ၈၇၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ညအချိန်တွင် စေတီတော်မှ ရောင်ခြည်တော်လွှတ် ထွက်သဖြင့် တစ်မြို့လုံးထိန်လင်းခဲ့ပြီး ဆရာတော် (ဗုဒ္ဓရတ္တမထေရ်) နှင့် ကျိုင်းတုံစော်ဘွား (အတိတျရာဇာ) အမည်ရှိသော စော်ဘွားကြီးတို့က ဒုတိယအကြိမ် ပြန်လည်မွမ်းမံခဲ့ပြီး ထီးတော်ကိုရွှေဖြင့် ကွပ်၍တင်ထားခြင်းကြောင့် စွမ်ခမ်း စေတီတော်ဟု ခေါ်ဆိုခဲ့သည်။ ထို့နောက်ကောဇာသက္ကရာဇ် ၈၈၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ရောင်ခြည်တော်များ ထပ်မံလွှတ်သဖြင့် တစ်မြို့လုံးလင်းထိန်စေခဲ့ပြီး စွမ်ဝိုးရွာသူဌေးကြီး သမီးနန်းသုဂန္ဒရကေသာက ပြန်လည် မွမ်းမံတည်ဆောက်ခဲ့ပြီး ထီးတော်ကိုကြေးဖြင့် ကွပ်၍တင်ထားခြင်းကြောင့် စွမ်တောင်းစေတီဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

ယင်းနောက် သက္ကရာဇ် ၁၂၅၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင်ရောင်ခြည်တော်များ ထပ်မံလွှတ်ခဲ့ပြီး သက္ကရာဇ် ၁၂၆၆ ခုနှစ်တွင် ကျိုင်းတုံမြို့မြေငလျင်လှုပ်ခတ်မှုကြောင့် စေတီတော်ကြီးမှာပြိုကျပျက်စီးခဲ့ပြီး သက္ကရာဇ် ၁၂၉၆ ခုနှစ်တွင် စတုတ္ထအကြိမ်ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။

၎င်းနောက် သက္ကရာဇ် ၁၃၁၃ ခုနှစ်တွင်ကျိုင်းတုံစော်ဘွား ဆေတရပရမရေးပန္ဒ နှင့် ဆရာတော်သံဃာတော်များ၊ ကျိုင်းတုံမြို့ပြည်သူများဝိုင်းဝန်း၍ပဉ္စမအကြိမ်မြောက် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ထီးတော်ကိုရွှေဖြင့်တင်ထားသဖြင့် စွမ်ခမ်းစေတီဟု ပြန်လည်သမုတ်ခဲ့သည်။

စေတီတော်ကြီးအား ၁၉၈၈ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျိုင်းငမ်းကျောင်းတိုက် ဆရာတော် ဖခူးဝါးကျောက်ဘဒ္ဒန္တ ဌိတပညာနှင့် စွမ်ခမ်းကျောင်း တိုက်ဆရာတော် ဖခူးဝါးယီနွန်းအမှူးပြုသော သံဃာတော်များနှင့် အလှူရှင်များက ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ ကျိုင်းယင်းကျောင်းတိုက်ဆရာတော်၊ စွမ်ခမ်း ကျောင်းတိုက်ဆရာတော်နှင့် နဂါးနှစ်ကောင်ကျောင်း တိုက်ဆရာတော်အမှူးပြုသော သံဃာတော်များ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အမှူးပြုသော တပ်မတော်မိသားစုများနှင့်ကျိုင်းတုံမြို့ရှိအလှူရှင်များ စုပေါင်း၍စေတီတော်မြတ်ကြီးအား ၂၀၀၅ ခုနှစ်တွင် ဒုတိယအကြိမ်ရွှေသင်္ကန်းကပ်လှူခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ အမှူးပြုသော တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် ကျိုင်းတုံမြို့ရှိအလှူရှင်များ စုပေါင်း၍စေတီတော်မြတ်ကြီးအား ၂၀၁၂ ခုနှစ်တွင် တတိယအကြိမ်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့်ယခုနှစ်တွင်စတုတ္ထအကြိမ်အဖြစ်ကြေးပြားရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ခြင်းဖြစ် ကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment