Pages

Monday, January 29, 2018

နားမကြားသော ကလေးများကျောင်းသို့ ဂျပန်နိုင်ငံမှ အကြိမ် (၂ဝ)မြောက် အမေရိကန်ဒေါ်လာ ၁ဝဝဝဝလှူဒါန်း



မန္တလေး ၂၉-၁-၂ဝ၁၈

လူမှုဝန်ထမ်းဦးစီးဌာန မန္တလေး ချမ်းမြသာစည် မြို့နယ်ရှိ နားမကြားသော ကလေးများကျောင်းသို့ ဂျပန်နိုင်ငံ H Kyoshin Co., Ltd မှဥက္ကဋ္ဌ Mr. Sadaaki Tachiki အကြိမ် (၂ဝ) မြောက် လှူဒါန်းခြင်းအဖြစ် အမေရိကန်ဒေါ်လာ ၁ဝဝဝဝကို ယနေ့နံနက် ၁ဝနာရီက အဆိုပါ ကျောင်းခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခင်နှစ်များက လှူဒါန်းငွေများကြောင့် နားမကြားသူများ သင်ကြားရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ ပိုမိုပြည့်စုံလာခြင်း၊ ကျောင်းတက်ရောက် သင်ကြားနိုင်ရေးအတွက် ပိုမိုအဆင်ပြေလာခြင်း၊ ကျောင်းတွင်းရှိ ဂါလန် ၅ဝဝ ဆံ့ ရေသိုလှောင်ကန် တည်ဆောက်နိုင်ခဲ့ခြင်း၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာမများ၏ အရည်အသွေး တိုးတက်မြင့်မားလာစေရန် သင်တန်းများဖွင့်လှစ် ပေးနိုင်ခြင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြား ပေးနိုင်ခြင်းတို့ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့လှူဒါန်းသော အမေရိကန်ဒေါ်လာ ၁ဝဝဝဝ ဖြင့် အမျိုးသား ကျောင်းဆောင်နှင့် ရေချိုးကန်ကြား တစ်ဆက်တည်း ဖြစ်စေရန် အဆောင်တိုးချဲ့ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ အလှူရှင် Mr. Sadaaki Tachiki ကယနေ့လာရောက် လှူဒါန်းခဲ့ခြင်းသည် အကြိမ် (၂ဝ)မြောက်ဖြစ်ပြီး ၁၉၉၉ ခုနှစ်ကတည်းက လှူဒါန်းလာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဂျပန်စာသင်တန်းကျောင်း ၅၄၁ ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူ ၃၄ဝဝဝ ခန့်ရှိကြောင်း၊ နားမကြားသော ကလေးများကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ ဇာထိုး၊ပန်းထိုး စွမ်းရည်တိုးတက်မှု၊ ကွန်ပျူတာပညာရပ် တိုးတက်မှုနှင့် ဒီဇိုင်းပညာတိုးတက်မှု တို့ကြောင့် ဝမ်းသာမိကြောင်းနှင့် ကလေးများ၏ လက်ရာ တီရှပ်အထည် ၂၃ဝ ကို ဝယ်ယူ၍ ဒါနပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နားမကြားသော ကလေးများကျောင်းမှ ကျောင်းသူတစ်ဦး၏ တစ်ပင်တိုင်အက၊ ချစ်သော ကျောင်းတော်ရာသီချင်း၊ ရခိုင်ဆီမီးခွက်အကတို့ဖြင့် ကပြဖျော်ဖြေ ဧည့်ခံခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment