Pages

Tuesday, January 9, 2018

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂ဝ၁၇ခုနှစ်အတွင်း သစ် ၇၃ ဒသမဝ၃၅၄တန် ဖမ်းဆီးရမိ ဖ



လားရှိုး ၉-၁-၂​ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၂ဝ၁၇ ခုနှစ်အတွင်း သစ်တန်ချိန် ၇၃၈ဒသမဝ၃၅၄တန် ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

"သိန်းနီမြို့နယ် ရေပူဂိတ်နဲ့ လားရှိုးမြို့နယ်အတွင်း နေရာစုံက တရားမဝင် သယ်ဆောင်လာစဉ် ဖမ်းမိခဲ့တဲ့ သစ်တွေဖြစ်ပါတယ်။ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်ခဲ့ပါတယ်"ဟု လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးမျိုးကျော်ဟန်က ပြောပြသည်။

အဆိုပါ တရားမဝင်သစ်များကို ရေပူစစ်ဆေးရေး ဂိတ်တွင်း၊ ဂိတ်ပြင်နှင့် လားရှိုးမြို့နယ်အတွင်း သတင်းအရ လိုက်လံစုံစမ်းခဲ့ရာမှ ဖမ်းဆီးရမိခဲ့သော သစ်များဖြစ်ကြောင်း လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

"ဝန်ထမ်းဆိုတာကလဲ နတ်မျက်စိရှိတာမဟုတ်တော့ လွတ်တဲ့ကားတွေလဲရှိမှာပါ။ ဒါကိုလိုက်ပြီး ပြောနေမယ့်အစား သိတဲ့အချိန်မှာ သတင်းပေးပြီး ကူညီလိုက်ရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဝန်ထမ်းဘက်က လိုက်ပြီးပြောတာ မဟုတ်ပါဘူး။ အားလုံးကသွေးနဲ့ ကိုယ်သားနဲ့ကိုယ်ဆိုတော့ ပြည်သူတွေနေသလို ပဲဝန်ထမ်းလဲ နေရမှာဖြစ်တယ်။ အိပ်ချိန်၊ စားချိန်၊နားချိန် ဒီအချိန်တွေမှာ လွတ်သွားတာမျိုးလဲ ဖြစ်နိုင်ပါတယ်"ဟု
လားရှိုးမြို့ဒေသခံ ဦးဝင်းသောင်းက ပြောပြသည်။

လားရှိုးမြို့နယ် သစ်တောဦးစီးမှ ၂ဝ၁၇ခုနှစ်အတွင်း သစ်တန်ချိန် စုစုပေါင်း ၇၃၈ဒသမဝ၃၅၄ တန်၊ သစ်တင်ယာဉ်အစီး၂၇ဝ၊ တင်ဆောင်လာသူ ၂၄၃ဦးတို့ကို သက်ဆိုင်ရာ ဥပဒေများဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment