Pages

Wednesday, December 20, 2017

နွေစပါး အဆင်ပြေစွာ ရေပေးနိုင်ရေး စက်ယန္တရားများဖြင့် တူးမြောင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး



ရေတာရှည် ၂၀-၁၂-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း ဆွာချောင်း ရေလှောင်တမံမှ နွေစပါးစိုက်ပျိုးနိုင်ရန် ၂ဝ၁၈ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ရေစတင်ပေးဝေ သွားမည်ဖြစ်ပြီး ရေပေးဝေမှု အဆင်ပြေ ချောမွေ့စေရန် မြောင်းမကြီးများ နှင့်လက်တံမြောင်းများကို စက်ယန္တရားများဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်းဒေသကြီး (၂) တောင်ငူမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဝင်းနှင့် တာဝန်ရှိသူများ၊ တောင်ငူခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူးဦးမြင့်ရှိန်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DY-7 ပင်မရေလွှတ် မြောင်းမကြီးက ရေပေးဝေနိုင်သည့် ဧကပေါင်း ၄၅၄၂ဧက၊ DY-6 ပင်မရေလွှတ်မြောင်းမကြီးက ရေပေးဝေနိုင်သည့် ဧက ၉၃ဝ၊ DY-5 ပင်မရေလွှတ် မြောင်းမကြီးက ရေပေးဝေနိုင်သည့် ၅၂၁ ဧက၊ DY-2
ပင်မ ရေလွှတ်မြောင်းမကြီးက ရေပေးဝေနိုင်သည့် ၁ဝ၅၆၁ ဧက စိုက်ပျိုးနိုင်မည့် ရေပေးမြောင်းများကို ဘက်ဟိုးယာဉ် ခုနစ်စီးဖြင့် နွေစပါးရေပေးချိန် အမီဆောင်ရွက် ပြီးစီးနိုင်ရန် စက်များ၏ ကြံ့ခိုင်မှု၊ လုပ်ငန်းခွင်ပြီးစီးမှုနှင့် စက်ယန္တရား အင်အားလိုအပ်မှု ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဆွာချောင်းဆည်ရေ သောက်နွေစပါးစိုက်ပျိုးဧကပေါင်း ၂ဝဝဝဝ ကျော်ရှိသည့်အနက် နေပြည်တော်၊ ပေါင်းလောင်းသစ်ဆိမ့်ပင် ရေလွှဲဆည်မှတစ်ဆင့် စစ်တောင်းမြစ် ဝဲ၊ ယာတူးမြောင်းများမှတစ်ဆင့် ရေပေးဝေမှုဖြင့် ရဲကုန်း၊ ဇေယျသိမ်၊ ဘုရားကုန်း၊ ရေနီ၊ မြို့လှ၊ ကက္ကူ ကျေးရွာအုပ်စုတို့တွင် ဧက ၁၈ဝဝ တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment