Pages

Wednesday, December 27, 2017

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး စစ်ဆေးလျက်ရှိ



ရန်ကုန် ၂၇-၁၂-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာများ၌ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းစဉ်များကို ခရိုင်အလိုက် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) တာဝန်ခံ ဒေါက်တာမင်းဝံထံမှ သိရသည်။

ကျေးလက်ဒေသများ၌ အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လှည့်လည်စစ်ဆေးခြင်းနှင့် အသိပညာပေး ခြင်းများကို တချို့ခရိုင်များ၌ ဆောင်ရွက်ထားပြီး ကျန်ရှိသောခရိုင်များနှင့် ကျေးရွာများ၌ ဆက်လက်လုပ်ဆောင် မည်ဖြစ်သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရှိ ဈေးများအားလုံး၌ ရှောင်တခင်စစ်ဆေးခြင်း များပြုလုပ်၍ စားသောက်ကုန်များကို နမူနာယူစစ်ဆေးမှုများအပြင် စားသောက်ကုန်များ၏ အမှတ်တံဆိပ် ဖော်ပြချက်များတွင် သတ်မှတ် အချက်အလက် များထည့်သွင်းခြင်းရှိ၊ မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်များတွင် လုပ်ငန်း တည်နေရာလိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးမည့်ရက်၊ ထုတ်လုပ်မှု အပတ်စဉ်အမှတ်၊ မြန်မာနိုင်ငံ
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်အမှတ်နှင့် လိုင်စင်အမှတ်များကို ထည့်သွင်းဖော်ပြထားရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် နောက်ပိုင်းနှစ်အတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများတွင် ခွင့်ပြုချက်မရှိ ထုတ်လုပ်ခြင်းနှင့် ခွင့်ပြုထားခြင်းမရှိသော ဓာတုဗေဒဆိုးဆေးများ ထည့်သွင်းအသုံးပြုခြင်းကို ပိုက်စိပ်တိုက် ရှာဖွေဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment