Pages

Wednesday, December 20, 2017

မြန်မာ့ရော်ဘာများ အရည်အသွေးနှင့် နည်းပညာလိုအပ်ချက် ရှိနေသော်လည်း ပြည်ပဈေးကွက်များသို့ ပုံမှန်တင်ပို့ ရောင်းချပေးနေရ



နေပြည်တော် ၂၀-၁၂-၂၀၁၇

မြန်မာ့ရော်ဘာများ အရည်အသွေးနှင့် နည်းပညာလိုအပ်ချက်များ ရှိနေသေးသော်လည်း ပြည်ပဈေးကွက်များသို့ ပုံမှန်တင်ပို့ရောင်းချ ပေးနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းများအရ သိရသည်။

လက်ရှိ မြန်မာ့ ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍတွင် နည်းပညာလိုအပ်မှုများရှိနေ၍ အရည်အသွေးပိုင်းတွင် လိုအပ်မှုများဖြစ်နေကြောင်း၊ ထိုသို့ နည်းပညာနှင့် အရည်အသွေးလိုအပ် မှုများရှိနေသော်လည်း ပြည်ပဈေးကွက် များသို့ ပုံမှန်တင်ပို့ ရောင်းချပေးနေရကြောင်း၊ မြန်မာ့ရော်ဘာများကို ပြည်ပဈေးကွက်များသို့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ရောင်းချနေသကဲ့သို့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှလည်း တင်ပို့ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပေးနေပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့ရောင်းချ ပေးနေခြင်းဖြစ်ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်ထိ အမေရိကန်ဒေါ်လာ ၁ဝ၄ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် သုညဒသမ ၇ သိန်းကျော်တင်ပို့ ရောင်းချပေးခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာလ တစ်လတည်းတွင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၉ ဒသမ၉ဝ၂ သန်းတန်ဖိုးရှိရော်ဘာ ၈၅၃၄ တန်ကျော် တင်ပို့ပေးခဲ့ရပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ဝ၇ သန်းတန်ဖိုးရှိရော်ဘာ ၁ဝ၆၃တန်ကျော် တင်ပို့ရောင်းချ ပေးခဲ့ရကြောင်း၊ ဒီဇင်ဘာလ အတွင်းတွင်လည်း ဒီဇင်ဘာ ၂ရက်မှ ၈ရက်အတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၆၆ တန်ဖိုးရှိ ရော်ဘာတန်ချိန် ၄၇၄၆တန်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ၅၂၆ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၃၇၉ တန်တင်ပို့ ရောင်းချပေးခဲ့ရကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment