Pages

Thursday, December 21, 2017

မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်ရှိ နွေစပါးစိုက်ဧက ၇၉ဝဝဝ ရေအပြည့်အဝ ရရှိရန် ဆောင်ရွက်ပေးသွားမည်


မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံကို တွေ့ရစဉ်။

မန္တလေး ၂၁-၁၂-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရေလှောင်တမံများနှင့် ရေလွှဲဆည်များမှ ခရိုင်နှစ်ခုအား နွေစပါးစိုက်ဧက ၇၉ဝဝဝကို ရေအပြည့်အဝရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ရေလှောင်တမံများနှင့် ရေလွှဲဆည်များမှ မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်အတွင်း စိုက်ပျိုးရေပေးဝေသော နွေစပါးစိုက်ဧကများမှာ ဆည်တော်ကြီးရေလှောင်တမံမှ မတ္တရာမြို့နယ်တွင် နွေစပါး ၄၃၂၂၅ဧက၊ ပုသိမ်ကြီးမြို့နယ်တွင် နွေစပါးဧက၂၃ဝဝဝ၊ အမရပူရမြို့နယ်တွင် နွေစပါး ၈၇၇၅ဧက တို့ကိုလည်းကောင်း၊ မာလဲနတ်တောင်ရေလှောင်တမံမှ စဥ့်ကူးမြို့နယ်တွင် နွေစပါးဧက ၄ဝဝဝတို့ကို လည်းကောင်း စိုက်ပျိုးရေများ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါခရိုင်နှစ်ခုမှ ရေလှောင်တမံနှင့် ရေလွှဲဆည်များမှ မြို့နယ်အလိုက် ရေပြည့်ဝစွာ ပေးဝေသွားမည့် နွေစပါးစိုက်ဧက စုစုပေါင်း ဧက ၇၉ဝဝဝဖြစ်ပြီး ရေအပြည့်အဝရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

အဆိုပါနွေစပါးစိုက်ပျိုးရန် စိုက်ဧကများအတွက် ဆည်တော်ကြီး ရေလှောင်တမံမှ ရေအပြည့်အဝပေးနိုင်ရန် ဆောင်ရွက်ရာတွင် ဆည်တော်ကြီးရေအမှတ် (၄၁၉ဒသမ ၅) ပေနှင့် ရေသိုလှောင်သည့် ဧကပေမှာ ၃၆၃ဝဝဝကို သိုလှောင်ထားကြောင်း၊ ထို့အတူ မာလဲနတ်တောင် ရေလှောင်တမံမှလည်း ရေအမှတ် (၄၄၃ဒသမ၅) ပေနှင့် ရေသိုလှောင်သည့် ဧကပေမှာ ၅၇ဝဝဝကို သိုလှောင်ထားကြရာ အဆိုပါစိုက်ဧကများရှိ တောင်သူများအတွက် ရေအပြည့်အဝ ရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment