Pages

Friday, December 29, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၅)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၅) နှင့်အမျိုးသမီးသူနာပြု သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်စဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ မြဝတီအငြိမ့်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၂၉-၁၂-၂ဝ၁၇

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၅) နှင့် အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်တော် ဆေးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သင်တန်းဆင်းသူနာပြုများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်းဆင်းသူနာပြုများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် သင်တန်းဆင်း သူနာပြုများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက် မြ၀တီတေးဂီတအဖွဲ့နှင့် တပ်မတော်သူနာပြုနှင့် ဆေးဖက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်း တပ်ဖွဲ့ တို့က တေးသီချင်းများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေကြသည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ မြ၀တီတေးဂီတ အဖွဲ့နှင့်မြ၀တီအငြိမ့် အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment