Pages

Friday, December 8, 2017

တောင်ကြီးမြို့နယ် အေးသာယာမြို့၌ တီဗွီဝိုင်ယာကြိုး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား



တောင်ကြီး ၈-၁၂-၂၀၁၇

ရှမ်းပြည်နယ်  (တောင်ပိုင်း) တောင်ကြီးမြို့နယ် အေးသာယာမြို့၌ တီဗွီဝိုင်ယာကြိုး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ် (၆) ရပ်ကွက် နယ်မြေ (၁) နေ ဦးပွကြီး (ဘ) ဦးအုန်းမြင့်သည် ဒီဇင်ဘာ ၆ရက် ညနေ ၃ နာရီခန့်က ဈေးသို့ သွားစဉ်နေအိမ်၌ သုံးနှစ် အရွယ်သားဖြစ်သူသည် တီဗွီကြည့်နေရာမှ တီဗွီဝိုင်ယာကြိုး အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်း ခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူး ဦးတင်မင်း ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့ပြီး 
မီးလောင်မှုကြောင့် အလျား ၅၆ ပေ၊ အနံ ၁၂ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းအိပ်ခန်း တန်းလျား မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂၁၈ဝဝဝ ဖြစ်ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပွကြီးကို တောင်ကြီးမြို့နယ် အေးသာယာနယ်မြေ ရဲစခန်းက (ပ)၁၇၅/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment