Pages

Wednesday, December 20, 2017

ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း ငွေကျပ် ၄၆ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



မံစီ ၂၀-၁၂-၂၀၁၇

ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း ဗန်းမော်မြို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ဒီဇင်ဘာ ၁၈ ရက်က ငွေကျပ် ၄၆ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး "ဧရာဦး" စစ်ဆင်ရေး စီမံချက် အရဗန်းမော်မြို့ အမှတ် (၁) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ခါးလီနှင့် တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီက နယ်မြေခံရဲတပ်ဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါး သတင်းအရ မံစီမြို့အဝင် တိုင်းရင်းဆေးရုံ အနီးစောင့်ဆိုင်းနေစဉ် ဟန်ထက်ကျေးရွာမှ မံစီမြို့ဘက်သို့ ခွန်စိုင်းဦး မောင်းနှင်လာသည့် ရင်းဇင်းအမျိုးအစား-၁၂၅ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီရှည် အိတ်ကပ်အတွင်းမှ ကော်ဘူးဖြင့်ထည့်လျက် ဘိန်းဖြူအမှုန့်အလေးချိန် သုညဒသမ ၂ ဂရမ်ပါတစ်ဘူး၊ ဆိုင်ကယ်ခွကြားရှိ အင်္ကျီဖြင့်ထုပ်လျက် ရောင်စုံဆပ်ပြာခွက် ငါးခွက်အတွင်းမှ ကာလတန်ဖိုးငွေကျပ် ၃၈၉၆ဝဝဝ ရှိ ဘိန်းဖြူအမှုန့် အလေးချိန် ၄ ၈ဒသမ ၇ ဂရမ်နှင့် အပြာရောင်ကပ်ခွာအိတ် နှစ်အိတ်အတွင်းမှ ကာလတန်ဖိုးငွေကျပ် ၇၄ဝဝဝဝရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၃၇ဝ တို့နှင့်အတူ ၎င်းမူးယစ်ဆေး ရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ခွန်စိုင်းဦး မံစီမြို့နေသူကို မံစီမြို့မ ရဲတပ်ဖွဲ့စခန်းက မယ(ပ)၄၆/ ၂ဝ၁၇၊ မူး/စိတ် ပုဒ်မ-၁၅/၁၉(က) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment