Pages

Thursday, October 26, 2017

ဧရာဝတီမြစ်၏ အကျိုးပြုမှုကို သိရှိစေရန် WWF-Myanmar အဖွဲ့က မြစ်ကြောင်းတစ်လျှောက်လေ့လာသွားမည်



ရန်ကုန် ၂၆-၁၀-၂၀၁၇

ဧရာဝတီမြစ်သည် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများအပေါ် အကျိုးပြုမှု သိရှိနိုင်စေရန် မြစ်ကြောင်းတစ်လျှောက်၌ လေ့လာနေကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (WWF-Myanmar) မှ သိရသည်။

အဆိုပါလေ့လာမှုသည် WWF-Myanmar ရေချိုအရင်းအမြစ် အစီအစဉ်လေ့လာမှု တစ်ခုဖြစ်ပြီး ဧရာဝတီမြစ် အထက်ပိုင်းရှိ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အလယ်ပိုင်းရှိ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အောက်ပိုင်းရှိ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ လေ့လာမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် မတ်လတွင် ပထမအဆင့်လေ့လာမှု ပြီးစီးမည်ဖြစ်သည်။

The Ayeyarwaddy River and the Economy of Myanmar ကို ဧရာဝတီမြစ်မှ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများအပေါ် အကျိုးပြုပုံနှင့် ဧရာဝတီမြစ်စီးဆင်းမှု ကောင်းမွန်စေရန် ရည်ရွယ်လေ့လာခြင်း ဖြစ်သည်။

ထို့ပြင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နုန်းအနည် ပို့ချမှုအခြေအနေများကို လေ့လာခြင်း၊ စက်မှုလုပ်ငန်းထွက် ရေဆိုးများ စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းပညာနှင့် စွမ်းရည်မြှင့်တင်ခြင်း၊ ရေရှည်တည်တံ့သော ရေအားလျှပ်စစ် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေချိုဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်း စောင့်ရှောက်ရေး၊ အထောက်အကူပြု စီမံကိန်းများ ပြုလုပ်လျက်ရှိပြီး ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်းများကိုပါ လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

WWF-Myanmar သည် စီးပွားရေးကဏ္ဍတွင် မြစ်များ၏အကျိုးပြုပုံ အမည်ဖြင့်လေ့လာမှုကို ကင်ညာ၊ နီပေါ၊ ဘူလ်တန်နှင့် ဇမ်ဘီယာနိုင်ငံတို့ရှိ မြစ်ဝှမ်းဒေသများနှင့် မဲခေါင်မြစ်အောက်ပိုင်း ဒေသတို့၌ လေ့လာခဲ့ဖူးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment