Pages

Monday, October 2, 2017

ရမည်းသင်းမြို့၌ သီတင်းကျွတ်လပြည့် နေ့တွင်ဆွမ်းသပိတ် လောင်းလှူပွဲကျင်းပမည်



ရမည်းသင်း ၂-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ မင်္ဂလာကျုံးမြောက်ဘက်ရှိ ကံတော်ဦး စိန္တိတမဟာရွှေမင်းဝံ စေတီတော်ကြီး၌ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဆွမ်းသပိတ် လောင်းလှူပွဲကို ယခင်နှစ်များကဲ့သို့ ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သရက်ပင်ကျောင်း ဆရာတော်ထံမှ သိရသည်။

ဆွမ်းသပိတ်လောင်းလှူပွဲကို ရမည်းသင်းမြို့တွင် နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၁၄) ကြိမ်မြောက်ဖြစ်ပြီး ရန်အောင်မင်းကျောင်း ဦးစီးပဓာန နာယကဆရာတော်အား အမှူးထား၍ သရက်ပင်ကျောင်းဆရာတော်နှင့် တပည့်ရဟန်း၊ သံဃာအကျိုးဆောင်များက စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စိန္တိတမဟာရွှေမင်းဝံ စေတီတော်နှင့် စတုစက္ကရွှေပြည် ရန်အောင်စေတီတော် ပရိဝုဏ်၌ ဆွမ်းသပိတ်လောင်းလှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို သီတင်းကျွတ် လပြည့်နေ့နံနက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment