လုံခြုံရေးတပ်ဖွဲ့ဝင်များအနက် စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့ထားရှိမည့် ထုတ်နုတ်ထားသည့် တပ်မတော်စစ်ကြောင်း အချို့ကိုတွေ့ရစဉ်။
နေပြည်တော် ၂၆-၁၀-၂၀၁၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ဩဂုတ် ၂၅ ရက်တွင် တပ်ဌာနချုပ်တစ်ခု အပါအဝင် ရဲကင်းစခန်း ၃၀ ခုကိုတစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လူမဆန်စွာ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့သဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဩဂုတ် ၂၅ ရက်မှပင် ဥပဒေနှင့်အညီ နယ်မြေရှင်းလင်းရေးအား ဆောင်ရွက်ခဲ့သဖြင့် စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်း ထိတွေ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းများ လျော့နည်း လာခဲ့ပါသည်။
ယခုအခါ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးတို့မှာ အထိုက်အလျောက် ရရှိလာပြီဖြစ်၍ ဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့များအနက် တပ်မတော်စစ်ကြောင်း အချို့ကိုလက်ရှိ ဘူးသီးတောင်-မောင်တောဒေသ စစ်ဆင်ရေးနယ်မြေမှ စတင်ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့ထားရှိသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment